Pages

Thursday, January 30, 2014

သေမင်းတမန် ရထားလမ်း

သံဖြူဇရပ် မြို့  က သေမင်းတမာန် ရထားလမ်း တစ်နေရာ
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်း အမှတ်ပွဲကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။
သံဖြူဇရပ် မှ ဘန်ပေါင်သို့သေမင်းတမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူဇရပ်မြို့မှ စတင်ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင်(Ban Pong) မြို့ သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ် သည်။ မိုင် ၂၅၀ ကျော် ရှည်လျားပြီး လမ်းခုလပ် ကွေးမြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက် ခဲ့သည်။ တံတား ဆောက်လုပ်ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီး ထားသော မဟာမိတ်တပ်သား အများအပြား လည်း ပါဝင်ခဲ့သည်။
(သလ္လာဝတီ ကိုလင်း)

ဓမ္မစေတီခေါင်းလောင်းကြီး(အဖိုးမဖြတ်နိုင်သော ဆုံးရှုံးနေသော အမွေကို )

ဓမ္မစေတီခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။
 ၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ်ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားကုန်းတော်ပေါ် မှ အဓမ္မယူငင် သွားပြီးနောက်    ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့ အကြား မြစ် သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းခေါင်လောင်းတော်ကြီးမှာ ယခု ထက်တိုင် မြစ်အောက်တွင် နစ်မြုပ် နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။
သမိုင်းကြောင်း
မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀-ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်းရာဇာ၊ စွန္တရာဇ် အမတ် ၄ယောက်တို့သည် အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿချိန် ၁၈၀ ဝဝဝ ရရှိသည်။ ဓမ္မစေတီမင်းအား ဆက်သသော အခါတွင် ဘုရင်က စိတ်ဆိုးပြီး ၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။
 ပြည်သူတို့က ဘုရင်အား သူတို့ ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှု ပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။
 ပဲခူးမြို့ရွှေမော်ဓောဘုရား၏ ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်တွင် ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့(မြန်မာသက္ကရာဇ် ၈၅၁-ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲ သဘင် ကျင်းပ၍ သွန်းလောင်းခဲ့သည်။ အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူး သမုတ္တရာ နန္ဒစည်သူကျော်၊ သံဃရာဇာ ဆရာတို့ ဖြစ်သည်။
 လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်း သွန်းလောင်းသော အချိန်မှာမိချောင်း နက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြားခဲ့သည်။ ဘုရင်က ဟောကြား ချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေး မည်။ ဟောကြားချက် မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြားခဲ့သည်။   ခေါင်းလောင်းကြီး   ပြီးသော အခါတွင်အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ်  အမတ်အား ရာဇ ပရောဟိတ ဘွဲ့ချီးမြင့် ခဲ့သည်။ 

ခေါင်းလောင်းကြီးမှာ စောက် (၁၂) တောင် အဝ (၇) တောင် ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား (၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊ အတန်း (၂) တန်း ပါရှိသဖြင့် (၄၅လုံး x ၄၅တွဲ x ၂တန်း) စုစုပေါင်း ကျောက်သံပတ္တမြားပေါင်း ၄၀၅၀ လုံး ပါရှိသည်။ ယခုလက်ရှိ အခြေအနေတွင် ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျှက် ရှိပြီး ကျောက်သံပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျှက် ရှိသည်။
လှူဒါန်း
ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို သွန်းလောင်းပြီးသော အခါ တွင် ရွှေလှေ ရွှေလှောင်း ရွှေဖောင် တို့ဖြင့် တင်ဆောင်လာပြီး မြန်မာသက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံစေတီတော်သို့ မတင်လှူဒါန်းခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး သည် ရွှေတိဂုံဘုရား ကုန်းတော်ပေါ် တွင် ၁၂၃ နှစ်တိတိ တည်ရှိခဲ့သည်။

နိုင်ငံခြားသားများ ရောက်ရှိခြင်း
နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီ သည် ရွှေတိဂုံ    ဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်တမ်းတင် ခဲ့သည်။ သူရေး ခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော   ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက် မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ်နေသောစာများ အပြည့်ရေးထားပြီး ဖက်ရမည်ပုံ မ ပေါ် ပေ။"
၁၅၃၀ ခုတွင် မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက်   ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည် နှင့် စွန့်စားရှာဖွေသူများ   အောက်မြန်မာပြည် သို့ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စားရှာဖွေသူ ဖီလစ် ဒီ ဘရုတ်တို ရ နီကုတ် အား စီရမ်(သန်လျင်)တွင် အောက်မြန်မာပြည် အုပ်ချုပ်သူများ က ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေး ပတ်ဝန်းကျင် အပါအဝင် ဒဂုံ အထိ ရောက်သည်။
ဆယ်ယူရန် ကြိုးပမ်းမှုများ
ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၄င်း ဝဲကတော့ ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး   ရေအောက် ရွှံ့နွန်းများမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၄င်းရွှံ့ညွှန်များ ထဲတွင် ခေါင်းလောင်း   ရှိပေမည်။
ဘိုးတော်ဘုရားခေါင်းလောင်း ခေါ် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent)များက ၁၈၂၆ ခုတွင် ရွှေတိဂုံ စေတီတော်မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှ တို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။
ဗြိတိသျှ တို့ ကြိုးပမ်းမှု
ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်ကြိုးပမ်းရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင် မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော် သို့ ပြန်ပို့လျှင် ကူညီမည် ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိ သည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်း သယ်ယူ ထဲ့ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့သည်။
မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ ဩစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၄င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၄င်း စွန့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ" ဟု ဆိုခဲ့သည်။
ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်း သိမ်းခြင်းဖြင့်   မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီခေါင်းလောင်း ကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေ ကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၄င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။
ဦးစံလင်း ဦးဆောင်သော အဖွဲ့မှ အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ ၃၂ ရက်ကြာ ခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်းခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို တွေ့ရှိခဲ့သည်။ 
၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် (၁၀ဝ၀) ဖြင့် ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့သည်။ ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။
မိုက် ဟက်ခြာ နှင့် ၄င်း၏ အဖွဲ့များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀ဝ၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန်သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့ သော လည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀ဝဝ ဂျူလိုင်လ တွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ် ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။
ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသောခေါင်းစွက် များ ဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။
ဂြိုဟ်တုမှ တွေ့ရှိ
၂၀၁၂-ခု၊ မတ်လ(၁၆)ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀ဝ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင် ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့တဲ့ ငါး ရက်လောက်ကကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲ က နေ ပြန် လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ   ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူးဟု ဒဂုံ တက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။
ပြီးခဲ့သည့် နှစ်များအတွင်းက ဩစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီးလာရောက် စမ်းသပ်   ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ ဩစတြေးလျနိုင်ငံ အခြေ စိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်း တော်ကြီး ၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြုပေး နိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
ဩစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့စမ်းသပ်ခဲ့ကြ တာ။  ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါဟု ဦးစိုးသိန်းက ပြော သည်။ 
  ရွှေတိဂုံစေတီတော် နှစ် ၂၆၀ဝ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီး ကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ် သည်ဟု ယင်းက ထပ်မံ ပြောသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြော တာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ 
     အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်  အချိန် ကုန်းပေါ် ကို   ပြန်ရောက် မလဲဆိုတာ စိတ်ဝင်စားမိတယ်ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။
ကျမ်းကိုး
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း(ဦးစံလင်း)
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း (ဦးစံလင်း)
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း (ဦးစံလင်း)
လျှပ်တပြက်ဂျာနယ် ၂၀၁၀-ခုနှစ်၊ မတ်လ(၅)ရက်နေ့ထုတ်
Flower News Journal၂၀၁၂-ခု၊ မတ်လ(၁၆)ရက်
(သလ္လာဝတီ ကိုလင်း)

Tuesday, January 28, 2014

အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6 (ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)အကြောင်း

လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀ သစ်ပေါက်ဖွား လာတာတွေလည်း ရှိတတ်ပါတယ်။

အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့ ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။

၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့ စီစဉ်ခဲ့ကြ တယ်။ ကယ် ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ခ
ျင်း တိုက် မိပြီး လူရော လက်နက်ပါ ဆုံးရှုံခဲ့ကြရတယ်။ အဲဒီတုန်းက သမ္မတဂျင်မီကာတာ ဆိုတာကလည်း အမေရိ ကန် ရာ ဇ၀င်မှာ အပျော့ဆုံး သမ္မတတယောက်။

ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အမေရိကန်တပ်မတော်ထဲမှာ ရှိသမျှ အထူးတပ်ဖွဲ့တွေကို စုစည်းပြီး၊ အထူးတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ Special Operation Commandဆိုပြီး စဖွဲ့ခဲ့ကြရတယ်။ အမေရိကန် တပ်မတော်မှာ လိုအပ်မှုအပေါ် မူတည်ပြီး တပ်ဖွဲ့တွေကို အထူးပြု ဖွဲ့စည်းထားတယ်။ ဥပမာ ၈၂လေထီးခုန် တပ်မကို ခြေမြန်တပ်မလို့ ခေါ်ပါတယ်။ လက်နက်ကြီးတွေ၊ တင့်ကားတွေ မပါဘဲ ရန်သူ့အနောက်ဝင်ပြီး သိမ်း၊ အချိန်တို ထိန်းထားရုံပဲ။ ပြီးမှ The Big Red လို့ ခေါ်တဲ့ တပ်မ အမှတ် ၁ လိုမျိုး တပ်မ အမှတ် ၄ လို တင့်ကားနဲ့လက်နက်ကြီးတွေပါတဲ့ တပ်မတွေ ၀င်လာပြီးနေရာယူ တပ်စွဲဖို့ကိုး။ ဥပမာ တောင်ပေါ်မှာ တိုက်ဖို့ဆိုရင် အမှတ် ၁၀ တောင်ပေါ် တပ်မဟာ နယူးယောက် ပြည်နယ်မှာ ရှိတယ်။ မြန်မာ တပ်မတော်ရဲ့ ကျောရိုးဖြစ်တဲ့ ၇၇ ၊ ၈၈ ၊ ၉၉ ၊ ၆၆ စတဲ့ခြေမြန်တပ်မတွေဟာ ၈၂ လေထီးခုန် တပ်မကို စံထားပြီး ဖွဲ့စည်းခဲ့တာလို့ အတွင်းသိတွေကပြောပြကြတယ်။

ဒီလိုပဲအထူးတပ်ဖွဲ့တွေကိုလည်း တာဝန်ခွဲထားတယ်။ ဥပမာ ဒယ်လ်တာ Delta တပ်ဖွဲ့တွေက ဓားစာခံ တွေကို ကယ်ဖို့ အထူးလေ့ကျင့်ထားတယ်။ ဒါ့အပြင် ဒယ်လ်တာ တပ်ဖွဲ့တွေဟာ ၁၉၇၀ ခုနှစ်တွေမှာ အာရပ် အကြမ်းဖက်သမားတွေ ကာလမှာဖွဲ့စည်းခဲ့တာကြောင့် အကြမ်းဖက်သမားနဲ့ သူပုန်နှိမ် နင်းရေးတွေ အတွက်လည်း လေ့ကျင့်ထားပါတယ်။ ရိမ်ဂျားတွေကတော့ အမေရိကန် တော် လှန်ရေးစစ် မတိုင်ခင် ကတည်းက ရှိခဲ့တာပါ။

ရိမ်ဂျားတွေကတော့ချက်ချင်း စေလွှတ်၊ တပ်စွဲနိုင်တဲ့ တပ်ဖွဲ့တွေ ဖြစ်တယ်။ ရေတပ် ဆီးလ် Navy SEAL – SEAirLand တပ်ဖွဲ့ကို သမ္မတ ကနေဒီလက်ထက်မှာ ဖွဲ့ခဲ့တာပါ။ သမ္မတကနေဒီက သမားရိုးကျ မဟုတ်တဲ့တပ်ဖွဲ့ကနေ လိုချင်လို့ ဆီးလ်ကို ဖွဲ့စည်းခဲ့ခြင်းပါ။ ဆီးလ်တပ်ဖွဲ့ ၆ ကို မဖွဲ့ခင်ကဆီးလ်အဖွဲ့ နှစ်ခုပဲ ရှိပါတယ်။

အမေရိကန်စစ်တပ်မှာ ကြည်း-ရေ-လေ-မရိန်း ဆိုပြီး ရှိရာ ထိပ်ပိုင်းမှာ အတူတွဲလုပ်ကြဖို့ပူးတွဲအဖွဲ့ဆိုပြီး ဖွဲ့စည်းလေ့ရှိပါတယ်။ ကြည်း-ရေ-လေ-မရိန်းတွေရဲ့ ထိပ်ဆုံးဗိုလ်ချုပ်ကြီးများအဖွဲ့ကို ပူးတွဲစစ်ဦးစီးချုပ် Joint-Chief-of-Staff လို့ ခေါ်ပါတယ်။ မြန်မာစစ်တပ်မှာ general staff ကို အတိုကောက် G1,G2,G3 ခေါ်ကြသလို J1,J2,J3 ဆိုပြီး ရှိပါတယ်။ စစ်ဖက်ဆိုင်ရာ ပြဿနာပေါ်လာရင် ဒီ ပူးတွဲအဖွဲ့ကပဲတာဝန်ယူ ဖြေရှင်းကြရပါတယ်။ ဒါကြောင့် အီရန် ဓားစာခံ ပြဿနာပေါ်တော့ နောက်ဆုံး ကယ်ဖို့အဖွဲ့ကို လွှတ်ရင် အဆင်သင့်ဖြစ်အောင် ဒီပူးတွဲ အဖွဲ့ကပဲ ပြင်ဆင်ရပါတယ်။ သိန်းငှက်ခြေသဲလို့ အမည်ပေးထားတဲ့ အီရန် ကယ်တင်ရေးစစ်ဆင်ရေး အရှုံးနဲ့ ရင်ဆိုင်ရအပြီးမှာ ရေတပ်က အချိန်ပြည့် အမြဲတမ်းအကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့တော့ ရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အီရန်ပြဿနာအတွက်ရေတပ်ကို ကိုယ်စားပြုဖို့ ဂျွိုင့်အဖွဲ့မှာ ခန့်အပ်ခံရတဲ့ ဒုဗိုလ်မှူးကြီး ရစ်ချပ်မာဆင်ကို Richard Marcinko ကို တာဝန်ပေးအပ်ခဲ့ပါတယ်။

သူကရေအောက်ဗုံးဖောက်ခွဲရေးအဖွဲ့နဲ့ ဆီးလ်အဖွဲ့ ၁ နဲ့ ၂ တွေကနေ အတော်ဆုံး လူတွေကိုထပ်ဆင့် ဇကာတင် ရွေးချယ်ပြီး၊ ဆီးလ်တပ်ဖွဲ့၆ ကို ၆ လအတွင်း အဆင်သင့်ဖြစ်အောင် ဖွဲ့စည်း ထူထောင်နိုင် ခဲ့ပါတယ်။ အဲဒီတုန်းကဆီးလ်အဖွဲ့ ၂ ဖွဲ့ပဲ ရှိပေမယ့်လည်း ပြိုင်ဘက် ဆိုဗီယက်တွေ မျက်စိလည်စေဖို့ တမင်သက်သက် ဆီးလ်တပ်ဖွဲ့ ၆ လို့ ခေါ်ဆိုခဲ့တာပါ။ စကတည်းက ရည်ရွယ်ချက်နဲ့စခဲ့တာကြောင့် ဆီးလ် တပ်ဖွဲ့ ၆ ဟာ ဆီးလ်တပ်ဖွဲ့တွေမှာ အကောင်းတကာ့ အကောင်းဆုံး ဖြစ်လာပါတယ်။

ဒီလို အထူးတပ်ဖွဲ့တွေဆိုတာအဖွဲ့ စဖွဲ့ရတဲ့ ရည်ရွယ်ချက်၊ မိခင်အဖွဲ့အစည်းရဲ့ အားပေးထောက်ခံမှု ကနေ နောက်ဆုံး သင်တန်း ဖွဲ့စည်းပို့ချမှုအပေါ် မူတည်ပါတယ်။ ဒီအပေါ်မှာမှီပြီး ဘယ်သူတွေကို ဘယ် လိုရွေးပြီး၊ ဘာတွေပို့ချမယ်ဆိုတာ ဖြစ်ပေါ်လာရတာကိုး။ ရေတပ်ရဲ့ ဆီးလ်သင်တန်းဟာ အကောင်းဆုံး၊ အကြမ်းဆုံး တခု လာဖြစ်ပါတယ်။ သင်တန်းမှာကို လူသေတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အထူးတပ်ဖွဲ့သင်တန်းမို့ ကာယ စွမ်းအား တခုထဲကို ရည်စူးတာမဟုတ်ဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်းအသားပေးထား တာ တွေ့ ရ တယ်။ ဥပမာ ပင်ပန်းမှုကို မခံနိုင်တော့ဘူးဆိုရင်ခေါင်းလောင်းတီးရတယ်။ သင်တန်း ဆရာတွေကလည်း မခံနိုင် ရင် ခေါင်းလောင်းတီးဖို့ အားပေးကြတယ်။ သေသေကြေကြေ ဇွဲနဲ့ ဖြစ်အောင်ကျော်မယ်ဆိုတဲ့ ဆန်ကာ တင် လူမျိုးတွေကိုပဲလိုချင်တာကိုး။ တချို့သင်တန်းတွေမှာ ၈၀ % ပြုတ်ကျခဲ့တယ်။ ပိုခက်လေ ဆွတ်ခူးနိုင် သူနည်းလေ၊ ဆီးလ်တံဆိပ်ဟာ ပိုတန်ဖိုးရှိလေ၊ လိုချင်သူများလေ လူတော်တွေအတွက် သက် သက် လာဖြစ်တာပေါ့။ ဆီးလ်သင်တန်းမှာ hell week လို့ခေါ်တဲ့ငရဲအပတ်ဟာ အဆိုးဆုံးနဲ့ နာမည် အကြီး ဆုံးပဲ တဲ့။ အောင်မြင်သူတိုင်း မှတ်မှတ်ရရတခုတော့ ကျန်ခဲ့ကြရတာပဲတဲ့။ တပတ်လုံး ၅ နာရီလောက်ပဲ အိပ်ချိန် ရကြောင်း ဆီးလ်တယောက်ကပြန်ရေးပြတဲ့ ဆောင်းပါးမှာ အသေအချာ ဖော်ပြထားပါတယ်။

ဒါက ရိုသာမန်ဆီးလ်သင်တန်းပဲ ရှိသေးတယ်။ ဆီးလ်အဖွဲ့ ၆ က ဒီဆီးလ်အသင်းတွေထဲကမှ ပြန်ရွေးပြီး ထပ်ဆင့် ကွန့်ထားတဲ့ အကောင်းတကာ့ အကောင်းဆုံးအဖွဲ့။ အခုတော့ ဆီးလ်အဖွဲ့တွေဟာ ၁ မှ ၅နဲ့ ၇ မှ ၁၁ အထိ ရှိပြီလို့ ဆိုကြတယ်။ ဒီအဖွဲ့တွေနဲ့ ရေအောက်မိုင်းခွဲအဖွဲ့က လူတွေထဲကမှအတော်ဆုံး လူတွေကို ဆန်ကာ တင် ထပ်စိစစ်ပြီးမှ အဖွဲ့ ၆ အတွက် စဉ်းစားတာဖြစ်တဲ့အတွက်အဖွဲ့ ၆ လူတွေဟာ အသက် ၂၀ ကျော်လေးေ တွ မဟုတ်၊ အတွေ့အကြုံရှိတဲ့ အသက် ၃၀ ကျော်တွေ များတယ်တဲ့။ ဒီအဖွဲ့က လူဟောင်း တယောက် က ကြွားဖူးတယ်။ ဒီအဖွဲ့ တနှစ်သင်တန်းမှာ ပစ်တဲ့ ကျည်ထောင့်တွေဟာမရိန်းကော် တခုလုံး သုံးတာ ထက် များတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ပစ်နိုင်တာထက်ပစ်တတ်တာကို အရေးပေးတယ်တဲ့။ ဥပမာ ထောင့်မျိုးစုံ၊ နေရာမျိုးစုံ၊ အနီးအဝေးမျိုးစုံ close-quarter battle (CQB) လို့ ခေါ်တဲ့ အနီးကပ် တိုက်ပွဲ၊ အခြေအနေမျိုးစုံကို ဖန်တီးပြီးဖိအားပေးပစ်ခတ်မှု stress shooting တို့ကို စုံစုံလင်လင် သင်ကြား ပို့ချတာကြောင့်ကျည်ဆန်ကတော့ ဖြုန်းချင်သလောက် ဖြုန်းတော့ပေါ့။

ဒီကမှတဆင့် လေပေါ်ကနေ ကြိုးနဲ့ ရုတ်တရက်ဆင်းနိုင် ခုန်ချနိုင်တာ၊ လေထီးနဲ့ ဆင်းနိုင်တာ စတဲ့ လေေ ပါ် ကနေလည်း ထိုးဖောက်နိုင်တာကိုအကုန်လေ့ကျင့်ကြရတယ်။ ကျနော်အကြိုက်ဆုံးကတော့ ခွေးတွေ ကိုပါ လေထီးနဲ့ လူနဲ့ ချိတ်ပြီးတခါထဲ လေထီးနဲ့ ခုန်ချနိုင်တယ်။ ဓာတ်ပုံထဲမှာ ခွေးတွေကလည်း ဂီယာ အပြည့်အစုံနဲ့ ကျည်ခံအင်္ကျီနဲ့ ဂေါ်ဂါမျက်မှန်နဲ့ အတော်ကြည့်ကောင်းတယ်။ ခွေး သူရဲကောင်း ခွေး ဆီးလ်တွေပဲ။ ခွေးတွေက ဗုံးအနံ့ခံဖို့၊ မမြင်ရတဲ့ ရန်သူကို ၀င်ဆွဲဖို့။ အသေခံ ခါးပတ်ဝတ်ထားသူ ဆို ရင် ခွေးဟောင် တာနဲ့ ရန်သူက ဗုံးမခွဲနိုင်ခင် အရင်ပစ်ထားမှ ဘင်ကြီးကိုဝင်တိုက်တော့ ခွေးဆီးလ်လည်း ပါသွား တာကြောင့် တကမ္ဘာလုံးမှာ ပြောမဆုံး ဖြစ်နေကြတယ်။ စစ်ပွဲမှာ အသက်ပေးသွားတဲ့ စစ်ခွေး သူရဲကောင်းေ တွ အများကြီး ရှိတာကို သိစေချင်တာပါ။

ဆီးလ်အဖွဲ့ ၆ ဟာရေတပ်ရဲ့ အထူးစစ်ဆင်ရေး ထူထောင်မှုအုပ်စု Naval Special Warfare Development Group အောက်မှာရှိတဲ့အတွက် တခါတရံ ဆီးလ်အဖွဲ့ ၆ ကို အတိုကောက် “DEVGRU” လို့ ခေါ်ကြပါတယ်။ ဒီအဖွဲ့တာဝန်က လျှို့ဝှက်ဆိုပေမယ့် အများခန့်မှန်းကြတာက အကြမ်းဖက်သမားတွေ မဖျက်ဆီးနိုင်ခင် ၀င်ရောက် တိုက်ခိုက် ဖမ်းဆီးသတ်ဖြတ်တာမျိုး၊ လူအများ သေနိုင်တဲ့ လက်နက် WMD တွေ မပြန့်ပွား ရအောင် ကြိုကင်ကာကွယ် သတ်ဖြတ်တာမျိုး။ ရန်သူ-ပစ်မှတ်ကို မရင်းနှီးတဲ့နိုင်ငံဒေသတွေမှာ ၀င်ရောက် ဖမ်းယူ ဒါမှမဟုတ် ပစ်သတ်ရှင်းလင်းဖို့ ဖြစ်တယ်လို့နားလည်လက်ခံထားကြတယ်။ ဒီအဖွဲ့ဟာ အကြမ်းဖက် သမားတွေ ရန်မလုပ်နိုင်ခင် ၀င်ရောက်ပြီးဖျက်ဆီးသတ်ဖြတ်ခွင့် ရှိတဲ့ လက်တဆုပ်စာ အဖွဲ့တွေထဲမှာ တခုအပါအ၀င်ပါ။ ဆီးလ်တွေရဲ့ထိရောက်မှု၊ အရေးပါမှု ဘယ်မှာထင်ပေါ်လာသလဲဆိုရင် နောက်ဆုံးပေါ် အမေရိကန် တိုက်စစ်ရေငုပ် သင်္ဘောဒီဇိုင်းတွေမှာ ဆီးလ်ထွက်ပေါက်ဆိုတာတွေ ပါလာပြီ။ ဆီးလ်တွေကို ရန်သူ့နယ်မြေအတွင်း ပို့ဆောင်ပေးရင် ရေငုပ်သင်္ဘောဟာ ရေအပေါ် ဖော်စရာမလိုတော့။ ရေအပေါ် မရောက်တရောက်မှာ ရေအောက်မှာ ဆီးလ်တွေကို ချပေးခဲ့လို့ ရပြီ။

ဒီဆီးလ်အဖွဲ့ဟာJSOTF လို့ ခေါ်တဲ့ တပ်ပေါင်းစု အထူးတပ်ဖွဲ့အောက်မှာ တခြားတပ်ဖွဲ့တွေနဲ့အတူ ပူးတွဲလေ့ကျင့်တာဝန်ထမ်းဆောင်ကြရပြန်တယ်။ ဥပမာ ဆီးလ်အဖွဲ့ ၆ ဟာ တပ်ပေါင်းစု ပူးတွဲအထူးတပ်ဖွဲ့အုပ်ချုပ်မှု Joint Special Operation Command ရဲ့ အမြင့်ဆုံးတပ်ဖွဲ့ဝင် Tier 1 တဖွဲ့ ဖြစ်တယ်။ တခြားတပ်ဖွဲ့ကတော့ ကြည်းတပ် ဒယ်လ်တာ Army Delta Force ဖြစ်တယ်။ အရေးအကြီးဆုံးတာဝန်ကို ဒီနှစ်ဖွဲ့ကိုပဲ စေခိုင်းမှာပါ။ တခါတလေ ဒီအဖွဲ့နှစ်ခုလုံးရဲ့ လူတွေပါတဲ့လူစုံအဖွဲ့နဲ့ တိုက်ရတဲ့ အခါတွေလည်း ရှိပါတယ်။ ဆီးလ် အဖွဲ့ဝင်တွေ မလွဲမသွေအတူတိုက်ပွဲဝင်ရတဲ့ အဖွဲ့မှာ အမှောင်ထုအတွင်း နောက်ရောင်ခံသူတွေ Night Stalkers လို့အမည်ရတဲ့ 160th Special Operations Aviation Regiment အမှတ် ၁၆၀ အထူးလေကြောင်းတပ်ရင်း အဖွဲ့ဝင်တွေ ဖြစ်တယ်။ အမေရိကန်စစ်တပ်မှာ တိုက်စစ်ရဟတ်ယာဉ်အုပ်စုဟာ ကြည်းတပ်အောက်မှာ ရှိတယ်။ အထူးလေကြောင်း တပ်ဖွဲ့ဟာကင်တတ်ကီပြည်နယ် ဖော့ကင်းဖယ်မှာ ရှိတယ်။ အထူးတပ်ဖွဲ့ဝင်တွေအတွက် ရဟတ်ယာဉ်တွေကို ဒီလေကြောင်းအထူးတပ်ဖွဲ့သမားတွေက မောင်းနှင်ပေးရတယ်။

ရေတပ်မှာရေတပ်အထူးတပ်ဖွဲ့ဝင်တွေ ရှိသလို၊ လေတပ်မှာလည်း လေတပ်အထူးတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့ထဲမှာ 24th Special Tactics Squadron ဟာ နာမည်အကြီးဆုံးပဲ။ ဒါပေမဲ့ လေတပ်ရဲ့ အဓိက တာဝန်က ရှာဖွေကယ်တင်ရေး ဖြစ်တာကြောင့် တခြားတပ်ဖွဲ့တွေ ဆီးလ်တို့လို နာမည်ကောင်းမရရှာဘူး။ ဒီအထူးတပ်ဖွဲ့ဝင်တွေ အားလုံးကို အောက်မှာ ထားပြီး ကိုယ်ပိုင်ထောက်လှမ်းရေး အုပ်စုလည်း ရှိပြန်တယ်။ ဒီအထူးတပ်ဖွဲ့ တခုလုံးကို ဒုဗိုလ်ချုပ်ကြီး (ကြယ်သုံးပွင့်) က အုပ်ချုပ်တယ်။ သူ့အထက်ကမှ U.S. Special Operations Command (USSOCOM) ဆိုပြီးရှိပါတယ်။ ဗိုလ်ချုပ်ကြီး (ကြယ် ၄ ပွင့်) က အုပ်ချုပ်တာပါ။ ကွာခြားတာက JSOC ကတိုက်ခိုက်ရေး သက်သက်ကို အလေးထားတယ်။ USSOCOM က ဘတ်ဂျက်၊ နိုင်ငံရေး၊ နိုင်ငံခြားဆက်ဆံရေး စတဲ့ အပိုတွေ ပါလာတယ်။ နောက် CIA မှာ အထူးဌာနခွဲ ရှိပါတယ်။ သူ့အောက်မှာမှ အထူးလှုပ်ရှားမှုအုပ်စုSpecial Operations Group SOG ဆိုတာ ရှိပြန်တယ်။ ဒီအုပ်စုဟာ တဖန် အထူးတပ်ဖွဲ့ကလူတွေနဲ့ ဆီးလ်တပ်ဖွဲ့ ၆ က လူတွေကိုပဲ တခါပြန်စည်းရုံးပြီး ဖွဲ့စည်းထားတာပဲ။

အာဖဂန်ကိုဝင်သိမ်းတော့ အမေရိကန်စစ်တပ်ကြီးနဲ့ ၀င်လာတာမှ မဟုတ်တာ။ CIA ရဲ့ အထူး လှုပ်ရှားမှု တပ်ဖွဲ့တွေက တာလီဘန်တွေရဲ့ အဓိက ပြိုင်ဘက်နဲ့ ရန်သူဖြစ်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ဆီ ရောက် လာတယ်၊ မြေပြင်ကနေ အတိအကျ သတင်းပေးပြီး အမေရိကန်လေယာဉ်တွေက ဗုံးမိုး ရွာပေး တယ်၊ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက တာလီဘန်တွေကို မောင်းထုတ်နိုင်ခဲ့ကြတာကိုး။ ဗီယက်နမ် စစ်ပွဲ ကတည်းက CIA အထူးဌာနသမားတွေနဲ့ စစ်ဖက်က အထူးတပ်ဖွဲ့တွေဟာ အတူတူ ပူးပေါင်းတပ်ပွဲ ၀င်ခဲ့တဲ့ ရာဇ၀င် ရှိခဲ့သလို၊ အခု အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေမှာ တက်ညီလက်ညီပူးပေါင်းတိုက်နေပါတယ်။

ဘင်တို့ မပေါ်ခင်တုန်းကအမေရိကန်စစ်တပ်ဟာ သမားရိုးကျ စစ်တိုက်နည်းအတွက်ပဲ ဖွဲ့စည်းထားတာပါ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက အနောက်အုပ်စုနဲ့ အရှေ့အုပ်စုတို့ စစ်အေးတိုက်ပွဲ ဆင်နွှဲခဲ့ကြ တာ နှစ်ဖက် စစ်တပ်ကြီးတွေ လက်နက်ကြီးတွေနဲ့ ချိန်ထားကြပြီး စစ်ပြင်ခဲ့ကြတယ်။ နှစ်ဘက်လုံး အင်အား နဲ့မို့ စင်မက်တြစ် Symmetrical Warfare လို့ ခေါ်ပါတယ်။ ဆိုဗီယက်ပြိုကွဲပြီး ဘင်ကြီးတို့ခေတ် ရောက် လာတော့ ရန်သူဟာ ယူနီဖောင်း ၀တ်ထားတာ မဟုတ်။ လက်နက်ကလည်း အသေခံခါးပတ် ၀တ်ထားတဲ့ မိမိရဲ့ ခန္ဓာကိုယ်။ စစ်မြေပြင် ကလည်း လူထူထပ်ရာအနောက်နိုင်ငံတွေရဲ့ မြို့တော်တွေ။ ရန်သူက တနည်း အားဖြင့် မမြင်ရတဲ့ ရန်သူ။ ဒါ့ကြောင့်မညီမျှတဲ့ တဖက်စောင်းနင်း စစ်မို့ Asymmetrical Warfare လို့ ခေါ်ပါတယ်။ ဒီလိုစစ် အနေအထားမှာ တင့်ကားတွေ၊ စစ်တပ်ကြီးတွေဟာ အသုံးမ၀င်လှတော့ပါ။ စစ်တပ်ကြီးတွေ အစားအထူးကျွမ်းကျင်တဲ့ အထူးစစ်သားတွေဟာ အကြမ်းဖက်သမားတွေ အဖျက် အဆီးေ တွ မလုပ်နိုင်ခင် သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေကို သတ်ဖြတ်ချေမှုန်းပြီး၊ သူတို့ရဲ့ စခန်းတွေကို ဖျက်ဆီးနိုင် မှ၊ ဘေးရန်ကနေ ကြိုတင်ကာကွယ်နိုင်မည်၊ ဒါကြောင့် အလျင်အမြန် ရွှေ့ပြောင်းနိုင် တဲ့အထူးတပ်ဖွဲ့ဝင်တွေဟာ ပိုအရေးပါလာပါတယ်။

သမ္မတဘုရှ် လက်ထက်ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစဖီးရဲ့ ညွှန်ကြားမှုအောက်မှာ အမေရိကန် စစ်တပ် ကိုပြောင်းလဲပြင်ဆင်ခဲ့ကြပါတယ်။ စစ်တပ်ကြီးတွေ ပြင်ဆင်တိုက်ပွဲဝင်မယ့်အစား အလျင် အမြန် ရွှေ့ပြောင်းနိုင်မယ့် အထူးတပ်ဖွဲ့တွေကို ချဲ့ထွင်ပြီး၊ လက်နက်ငယ်တွေကိုရှေ့စခန်းတွေမှာ ကြိုတင်ချ ထားတယ်၊ အထူးတပ်ဖွဲ့ဝင်တွေကို အလျင်အမြန်စေ လွှတ်နိုင်အောင် ပြောင်းလဲပြင် ဆင်ခဲ့ကြပါ တယ်။ ဒါ Asymmetrical Warfare ကိုလည်းတိုက်နိုင်ဖို့ ပြင်ဆင်မှုပါပဲ။ ဥပမာ နှစ်စဉ်နှစ်တိုင်း ထိုင်းနဲ့ အမေရိကန် ကိုဘရာလို့ခေါ်တဲ့ ပူးတွဲစစ်ဆင်ရေး လုပ်ကြတယ်။ ပြီးရင် လက်နက်ခဲယမ်းေ တွ ပြန်ယူမ သွားကြတော့၊ ဒီဒေသမှာ စစ်ဆင်ရေး ပြုရရင် အထူးတပ်ဖွဲ့ဝင်တွေကို အလျင်အမြန် လွှတ်ရုံပဲ။ တချို့ဒေ သေ တွမှာလက်နက်ရုံတွေ ထားပြီးသား။

အခု အာဖဂန်မှာ အမေရိကန်ရဲ့မူဝါဒက သူပုန်ချေမှုန်းရေးနဲ့ အကြမ်းဖက်ချေမှုန်းရေး တန်ပြန်တွေဖွဲ့ထား ခွဲထား ပါတယ်။ သူပုန်တန်ပြန်မှု မူဝါဒက စစ်တပ်က စစ်တိုက်ရုံမကဘဲရပ်ရွာရပ်သားတွေကို တိုးတက်ေ အာင် ပါ ဆောင်ရွက်ပေးပါတယ်။ ဥပမာ ကျောင်းတွေ ဆောက်ပေးမယ်၊ ဆေးကုပေးမယ်၊ လမ်းတွေ ဖောက်ပေးမယ်ပေါ့။ ပြည်သူတွေ သူပုန်ကို မကူအောင်ပေါ့။ သဘောထားပျော့ပျောင်းတဲ့ သူပုန်တွေ ကို ဆွေးနွေးသိမ်းသွင်းပေါ့။

အကြမ်းဖက် တန်ပြန်မှုမူဝါဒကတော့ အကြမ်းဖက်သမားတွေကို ရှာ၊ သူတို့ရဲ့ စခန်းတွေကိုရှာပြီး ချေမှုန်း ၊ခေါင်းဆောင်တွေကို သတ်ဖြတ်ပစ်ပေါ့။ အမေရိကန်တွေ ၀င်မတိုက်နိုင်တဲ့ ပါကစ္စတန် အနောက်ြေ မာက်ဒေ သ မှာလည်း မောင်းသူမဲ့ လေယာဉ်တွေ ၂၄ နာရီမပြတ် ပျံသန်းနေပြီး အကြမ်းဖက်သမားတွေ မလှုပ်နိုင်ေ အာင် ထိန်းထားရတာပေါ့။ CIA က ပါကစ္စတန်မှာ ကွန်ယက်တွေ ထူထောင်ဖြန့်ထားနို င်ပြီးတန်ဖိုးကြီး အကြမ်းဖက်သမား ခေါင်းဆောင်တွေကို သုတ်သင်တဲ့ မောင်းသူမဲ့ လေယာဉ်တွေကို CIA ကိုယ်တိုင် တာဝန်ယူရပါတယ်။ ဒါပေမဲ့ CIA နဲ့ JSOTF လက်အောက်ရှိ အထူးတပ်ဖွဲ့တွေဟာအနီးကပ် ပူးပေါင်းတာဝန်ယူကြရပါတယ်။

ဥပမာ ဘင်ကြီးကို နောက်ယောင်ခံရှာရတာကCIA ရဲ့ တာဝန်။ ဘင်ကြီးကို လေယာဉ်ပေါ်က ဗုံးကြဲမလား၊ အထူးတပ်ဖွဲ့တွေနဲ့ ၀င်ဖမ်းမလားဆိုတဲ့ ဖြစ်နိုင်ခြေတွေကို CIA က ဦးစီးပြီး တင်ပြရပါတယ်။ သမ္မတက ၀င်တိုက်၊ ၀င်ဖမ်းဖို့ကိုစဉ်းစားပြီဆိုတာနဲ့ CIA အကြီးအကဲက JSOTF ဦးစီး ရေတပ်ဒုဗိုလ်ချုပ်ကြီး မက်ရေဗင် Adm. McRaven ဖိတ်ခေါ်ပြီး သူ့လူတွေ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ရတယ်။ ဆီးလ်တွေက အမေရိကားမှာဘင့်အိမ်နဲ့ ပုံတူအိမ်မှာ လေ့ကျင့်ကြပြီး အာဖဂန်မှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းက သီးသန့်နေရာမှာ ထပ်ကျင့်ကြရတယ်။

ဗိုလ်ချုပ်ရေဗင်ကိုယ်တိုင် ဘာဂရမ်ကို ရောက်နေတယ်။ ဒီလို အထူးအရေးကြီးတဲ့ဖြစ်ရပ်မျိုးတွေမှာ အတိအကျ ဖြစ်ဖို့က သိပ်အရေးကြီးသလို၊ ဖြစ်နိုင်ခြေအားလုံးကို ကြိုတင်စဉ်းစားပြီး ဘာလုပ်မလဲဆိုတာ ကိုပါ လေ့ကျင့်ပြင်ဆင်ရတယ်။
ဖြစ်လာမှ စဉ်းစားဖို့ အချိန်မရှိ။ ပါကစ္စတန် အစိုးရကို အသိမပေးထားတာကြောင့် ပါကစ္စတန်တွေ ကိုပါ နောက်ဆုံး တိုက်ထွက်ရမယ်လို့ပြင်ဆင်ထားရသလို၊ ဘင်ကြီးမဟုတ်ရင် ချက်ချင်း ပြန်ဆုတ် ဖို့ပါ ပြင် ဆင်ထားကြရတယ်။

ထင်တားတဲ့အတိုင်းဘင်ကြီးအိမ်ကို ရဟတ်ယာဉ်အဆင်းမှာ ပြဿနာ စပေါ်တော့တာပဲ။ ဒီပွဲမှာမှ အမေရိ ကန် ကရေဒါကို ဖောက်နိုင်တဲ့ ရဟတ်ယာဉ်ကို စသုံးရတာ။ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ် ကို ပြန်လည်ပြင်ဆင်မွမ်းမံထားတာ။ ရေဒါက ပစ်လွှတ်လိုက်တဲ့ ရေဒီယိုလှိုင်းတွေကို မပြန်နိုင်အောင် ရဟတ်ယာဉ်ကိုယ်တည်အပေါ်မှာ ပစ္စည်းသစ်တွေနဲ့ ထပ်ဖြည့်ထားသလို ပန်ကာအပိုကိုလည်း အနောက် ပန်ကာမှာ တပ်ဆင်ထားရပါတယ်။ ABC သတင်းဌာနက ကျွမ်းကျင်သူရဲ့ အဆိုအရ လေယဉ်အသံဟာ နီးလာတယ်လို့ ထင်ရမယ့်အစား ဝေးသွားအောင် လှည့်စားမှုပါတယ်လို့ သိရတယ်။ အတိအကျကတော့ ဘယ်သူမှ မသိနိုင်။ ရေဒါကိုဖောက်ထွင်းနိုင်တဲ့ အက်ဖ် ၁၁၇ တိုက်လေယာဉ်တွေလည်း ထိန်းရ ခက်တာ၊ မောင်းရခက်တာ နာမည်ကြီးပဲတဲ့။ ဒါကြောင့် ရဟတ်ယာဉ် ၂ စင်းနဲ့ စစ်သားတွေ အချမှာတင် ရဟတ်ယာဉ်တစင်းဟာ အဆင်းမှာတင်ပြဿနာပေါ်ပြီး နံရံနဲ့ တိုက်မိတော့တယ်။

ဒီလိုဖြစ်မှာစိုးလို့ MH-47 ချနွပ် ရဟတ်ယာဉ် နှစ်စင်းက လေအပေါ်မှာ ပျံဝဲနေတယ်။ ဒါကြောင့် မိနစ် ၃၀ အပြီး လေ့ကျင့်ထားတဲ့ တိုက်စစ်ဟာ မိနစ် ၄၀ ကြာသွားတယ်။ ပါကစ္စတန် စစ်သားတွေကလည်း တပ်နယ် မှာ ပေါက်ကွဲသံတွေကြားတာကြောင့် စစ်သားတွေ စုနေကြပြီ။ နောက်ဆုံး – ပျက်စီးသွားတဲ့ မိမိတို့ ရဟတ်ယာဉ် ကို ဗုံးနဲ့ ခွဲပစ်ခဲ့ကြပြီး ဘင်ရဲ့ မိန်းမတွေကို ထားပစ်ခဲ့ရ တယ်။ ရေဒါ ကို ဖျောက်နိုင်၊ ကျော်နိုင် တဲ့ ရဟတ်ယာဉ်ကို ထုတ်နိုင်ဖို့ အမေရိကန်တွေ ကြိုးစားခဲ့ကြတာ ကတော့ အသိပါ။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာသာ မသိကြတာပါ။ အခုတော့ သိသွားကြပြီပေါ့။ စရိတ်သိပ်ကြီးတာကြောင့် အများသုံး မထုတ်တော့ဘဲ အထူးစစ်သားတွေအတွက်ပဲ စပယ်ရှယ် မွမ်းမံခဲ့တာပါ။သာမန် UH-60x ဘလက်ေ ဟာ့ခ် တစီးဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကျော်ပဲ ကျတယ်။ ပြင်ဆင်မွမ်းမံထားတဲ့ တစီးဟာ သန်း ၆၀ ကျတယ်တဲ့။ လျှို့ဝှက်စီမံကိန်း ဖြစ်တာကြောင့် ဘယ်သူမှတော့ အတိမကျ မပြောနို င်ကြ ပါဘူး။

အမေရိကန် အထူးစစ်သားတွေပါကစ္စတန် လေပိုင်နက်က ထွက်မှ အမေရိကန်ရဲ့ အကြီးဆုံးဗိုလ်ချုပ်က ပါကစ္စတန် ဦးစီးချုပ်ကိုအသိပေး တောင်းပန်စကား ဆိုခဲ့တာကြောင့် ပါကစ္စတန်ဗိုလ်ချုပ်တွေက အရှက်ပြေ စိတ်ဆိုးပြ၊ ခြိမ်းခြောက်ပြပေါ့။ အမေရိကန်တွေ မိမိတို့ ရဟတ်ယာဉ်ကို ဖျက်ဆီးပစ်ခဲ့ကြပေမယ့် အမြီးခြမ်း မှာပြင်ဆင်ထားတဲ့ ပန်ကာက ဒီအတိုင်း ကျန်ခဲ့တယ်။ တရုတ်ကြီးက ကြည့်ချင်တယ်ဆိုပြီး မေလ၁၀ ရက်ထုတ် သတင်းတွေမှာ ပါလာတယ်။ ဒီရဟတ်ယာဉ်တွေကို မောင်းတာက ကြည်းတပ်လေကြောင်း တပ်ဖွဲ့သား Night Stalkers တွေလေ။ ဒါကြောင့် သမ္မတ အိုဘားမား ကိုယ်တိုင် ဖော့ကင်း ဖယ်ကိုသွားပြီး၊ လေယာဉ်မှူးတွေနဲ့အတူ အထူးစစ်သားတွေ ကို ကျေးဇူးတင်စကား တွေ့ဆုံပြောကြား ခဲ့တယ်။

ဘင်လာဒင်ကို အခုလိုအပြတ်ရှင်းနိုင်တဲ့အတွက် အမေရိကန်နဲ့ ဘာသာရေးတယူသန် အကြမ်းဖက် သမားတွေရဲ့ အကြား စစ်ပွဲဟာ အရေးကြီးတဲ့ အချိုးအကွေ့ကို ရောက်သွားပြီလို့ ယူဆကြတယ်။ ဘင်ကြီးအိမ်ကရလာတဲ့ လျှပ်စစ်အချက်အလက်တွေကလည်း နည်းနည်းနောနော မဟုတ်။ ဘင်ကြီးဟာ အလကား ထိုင်နေတာမဟုတ်၊ အားလုံးကို အဝေးကနေ ကြီးကြပ်နေတာလို့ ပေါက်ကြားလာတဲ့ သတင်းတွေက ဆိုပြန်တယ်။ အားလုံးမှန်ခဲ့ရင် ဘင်ကြီးတို့ အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံးခန်းရဲ့ အစဖြစ်သွားနိုင်တယ်။

ဒါတောင် ဘင်ကြီးမှာသေနတ်မရှိဘူး၊ ဒီလိုပစ်သတ်တာဟာ တရားမ၀င်ဘူး၊ ဖမ်းပြီး တရားဥပဒေအရ တရားစွဲပါလား စသဖြင့်စသဖြင့် ပွဲပြီးမှ တစခန်းထနေတဲ့ တယူသန် စိတ်ကူးယဉ်သမားတွေကလည်း ရှိသေးတယ်။ ဒီမိုကရေစီမှာ ဒီလိုလူတွေကိုလည်း သည်းညည်းခံကြရတာပဲ။ အိုဘားမားကို ဒီလို စိတ်ကူးယဉ်သမားတွေလိုပဲ ပျော့ပြောင်းသွားအောင် နော်ဝေးက နိုဘယ်ဆုပေးသမားတွေက သူ ဘာမှ တိတိကျကျတာဝန်မထမ်းဆောင်ရသေးခင် ငြိမ်းချမ်းရေးနိဘယ်ဆု ချီးမြှင့်ပြီး ဆွယ်ခဲ့ကြသေးတယ်။ အိုဘားမားက ဆုလက်ခံတဲ့ ပွဲမှာ ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပေမယ့် သူ့ကိုရွေးကောက် တင်မြှောက်ခဲ့တဲ့ အမေရိကန် ပြည်သူတွေကို သူ့တာဝန် သူသိပါကြောင်း၊ အမေရိကန် ပြည်သူတွေရဲ့ အကျိုးကိုပထမဦးဆုံး စောင့်ထိန်းပါမယ့်အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ အိုဘားမား ကတိတ ည်ခဲ့တဲ့ အတွက်စာရေးသူ ကျေနပ်မိတယ်။

တခါတလေ လောကမှာ အိုဘားမားလို တာဝန်ကတဘက်၊ ယုံကြည်မှုကတဘက် ပဋိပက္ခ ဖြစ်တတ်တယ်။ ယုံကြည်မှု တို့(မူ) တို့ဆိုတာ ရှိကိုရှိရမယ့် လူ့ကျင့်ဝတ်ကောင်းတွေပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘုရား ကိုယ်တော်ကြီးတောင် ဘုရားဖြစ်ချင်ဇောနဲ့ အစွန်းရောက် ကျင့်ကြံခဲ့တာ ဘုရားမဖြစ်ရှာဘူး။ အလယ် အလတ် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လိုက်မှ ဘုရားဖြစ်ရှာတယ်၊ မဟုတ်ပါလား။ ဘယ်အရာမှ လှေနံ ဓားထစ်အစွန်း မရောက်သင့်။ ဒီမိုကရေစီလည်း ထို့နည်းလည်းကောင်းပါပဲ။ တာဝန်ရှိလာရင် လက်တွေ့ ကျဖို့ လိုလာပါတယ်။အိုဘားမား တက်လာခါစက မူကိုနင်းပြီး စိတ်ကူးယဉ် မူအလွန် အကျွံသ မားတွေ ပြောစကားကို ယစ်မူးပြီး အကြမ်းဖက်သမားတွေထားရာ ဂွင်တာနာမို အကျဉ်းစခန်းကို တနှစ် အတွင်း ပိတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ လက်တွေ့ကျတော့ အမေရိကန်တွေကို သတ်ဖို့သန္နိဋ္ဌာန်ချထားတဲ့ သူတွေကို ဘယ်မှာ သွားထားမှာလဲ။ လွှတ်လိုက်တဲ့သူတွေ အကြမ်းဖက် ပြန်ရောက် သွားသူတွေကလည်း မနည်း။ ဒါကြောင့် အခုထိ မပိတ်နိုင်သေးဘူး။

ဒါကြောင့် အိုဘားမားကိုလည်းတာဝန်က လက်တွေ့သမားဖြစ်အောင် တွန်းပို့လိုက်တာပါ။

လူငယ်လေးတွေ လက်တွေ့အဖြစ်တွေမှ အလိမ္မာ ယူနိုင်ကြပါစေ။

ဘိုဘိုကျော်ငြိမ်း

စစ်သူကြီးမဟာဗန္ဓုလ၏ ဓနုဖြူတိုက်ပွဲ

စစ်သူကြီးမဟာဗန္ဓုလ ဦးစီးသော မြန်မာ့စစ်သည်တော်များသည် ရန်ကုန်မြို့မှနေ၍ဧဧရာဝတီမြစ်ဝဒေသရှိ ဓနုဖြူခံတပ်သို့ ဆုတ်ခွာခဲ့ရသည်။ စစ်ပွဲအတွေ့အကြုံ့ရင်ကျက်သော ရဲမက်အမြောက်အမြားကို ရန်ကုန်တွင်စွန့်လွှတ်ခဲ့ရပြီး အင်အား ၁၀၀၀၀ နီးပါးရှိစေရန် ပြန်လည်ဖွဲ့စည်းထားသောမြန်မာ့တပ်တော်မှာ
ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့အချို့နှင့် တစ်ခါမှပင်စစ်ရေးမလေ့ကျင့်ဖူးသည့် စစ်မှုထမ်းရဲမက်များ
ရောနှောပါဝင်နေလေသည်။ ဓနုဖြူခံတပ်မှာ တစ်မိုင်နီးပါးမှကျယ်ဝန်းပြီး မြစ်ဝပေါ်တွင်တည်ရှိသည်။ ကျွန်းဖြင့်ပြုလုပ်ထားသော သေနတ်ပစ်စင်များမှာလည်း ၁၅ပေနီးပါးအမြင့် တည်ဆောက်ထားသည်။

၁၈၂၅ခုနှစ်၊ မတ်လတွင် ဗြိတိသျှတို့သည် အင်အား ၄၀၀၀ ဖြင့် သေနတ်များတပ်ဆင်
ထားသောတိုက်လှေငယ်များကို အသုံးပြုကာ ဓနုဖြူကို စတင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှတို့ တိုက်စစ်ဦးကျိုးသွားကာ မြန်မာ့တို့ကခြေလျင်ရဲမက်၊ မြင်းသည်တော်များနှင့် တိုက်ဆင်(၁၇)ကောင်တို့ဖြင့် တန်ပြန်တိုက်စစ်ဆင်ရန်ကြိုးစားလေသည်။ သို့သော် တိုက်ဆင်များမှာ အမြောက်ဆံများ၊ ရှုးဒုံးများကျရောက်ပေါက်ကွဲသဖြင့် ရပ်တန့်ကုန်ကြလေသဖြင့် အခြားသောခြေလျင်ရဲမက်နှင့်
မြင်းသည်တော်များသည် ဗြိတိသျှအမြောက်များကို ကြာရှည်စွာတိုက်ခိုက်နိုင်မည်မဟုတ်သည်ကို
ကောင်းစွာနားလည်လိုက်ကြသည်။

၁၈၂၅ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ဗြိတိသျှတို့အကြီးအကျယ် ထိုးစစ်ဆင်လေသည်။ ၄င်းတို့၏ အဝေးပစ်အမြောက်များနှင့် ရှုးဒုံးကျည်များကို ဓနုဖြူမြို့ထဲရှိ မြန်မာတပ်စခန်းသို့ လက်နက်မိုးရွာ
သွန်းချခဲ့သည်။ စစ်သူကြီးမဟာဗန္ဓုလသည် ဓနုဖြူခံတပ်အတွင်း ဗြိတိသျှတို့အားတိုက်ခိုက်ရန် စိတ်ဓာတ်စွမ်းရည်အား တိုးတက်နေရန်လှည့်ပြောကြားနေစဉ် အမြောက်ဆံမှန်ကာ ကျဆုံးခဲ့သည်။ ဗြိတိသျှတို့ဘက်မှ စစ်သူကြီးမဟာဗန္ဓုလကို ချိန်သားကိုက်ထိမှန်အောင်ပစ်ခတ်နိုင်ခြင်းမှာ ၄င်းသည် သူ၏စစ်သူကြီးအဆောင်အယောင်ဖြစ်သော ရွှေထီးကိုဆောင်းလေ့ရှိသည့်အတွက် ထိုကဲ့သို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟုသိရှိခဲ့ရသည်။ စစ်သူကြီးမဟာဗန္ဓုလ ကျဆုံးပြီး မြန်မာ့တပ်များကို ဦးဆောင်တိုက်ခိုက်မည့်သူမရှိ၍ ဓနုဖြူကိုမြန်မာတို့ စွန့်ခွာခဲ့ကြသည်။

Ref: Wikipedia မှ မိုးလုံးမှိုင်းထုတ်နုတ်ဘာသာပြန်ဆိုသည်။

အအေးလွန်ကဲမှုကြောင့် နိုင်ဂါရာ ရေတံခွန် အေးခဲပြီး စီးဆင်းမှု ရပ်တံ့သွားခဲ့ (ဓါတ်ပုံသတင်း)



ဇန်နဝါရီ ၁၀၊ ၂၀၁၄
M-Media
အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံအကြားမှာရှိတဲ့ ကမ္ဘာပေါ်မှာ အလှဆုံးရေတံခွန်လို့ နာမည်ကြီးတဲ့ Niagara ရေတံခွန်ဟာ အာတိတ်ဒေသက အလွန်ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်သန်းမှုကြောင့် ဇန်န၀ါရီ ၈ ရက် ဗုဒ္ဓဟူးနေ့က ရေခဲမှုကြောင့် စီဆင်းမှု ရပ်တံ့သွားခဲ့ပါတယ်။

Niagara ဟာ ရေတံခွန်သုံးခုကို စုပေါင်းပြီး မှည့်ခေါ်ထားတာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

polar vortex လို့ခေါ်တဲ့ အဆိုပါ အအေးလှိုင်းဒဏ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါတောင်ပိုင်းက ပြည်သူ သန်း ၂၄၀ လောက် ခံစားခဲ့ရပြီး သေဆုံးမှုအချို့လည်းရှိခဲ့ကာ၊ ယခုသီတင်းပတ်အတွင်းမှာ အအေးလျော့နည်းသွားမယ်လို့လည်း တာဝန်ရှိသူများက ပြောဆိုထားပါတယ်။

Photo By AARON HARRIS/REUTERS Wed, 8 Jan, 2014

ကျိန်စာသင့်ရုပ်ရှင်ကား "The Omen" ၏ ထိတ်လန့် ဖွယ် အဖြစ်ဆိုးကြီးများ

(ဒီ ဇာတ်လမ်းလေးကို တကူးတက ပေးပို့တင်ဆက်ပေးသော ကို Denominator Cracker (ကိုဗျောက်အိုး) ကို Admin များမှ အထူးပဲကျေးဇူးတင်ရှိပါသည်)

တချို့ရုပ်ရှင် တွေဟာ မတော်တဆ ထိခိုက်တာ၊ ရိုက်ကူးရေးတွေကို ဂြိုလ်ဆိုး ၀င်တာမျိုး စသဖြင့် ကျိန်စာသင့် သလိုမျိုး တွေဖြစ်တတ် ပါတယ်။ The Omen (1976) ရဲ့နောက်ကွယ်က ဖြစ်ရပ်တွေ အကြောင်း ဖတ်ကြည့် ပါဦး။ "၆ရက် နေ့၊ ၆လပိုင်း၊ ၆နာရီ အချိန်မှာ Katherine Thorn ကနေ မွေးဖွားခဲ့တဲ့ ကလေး အသေလေးကို ခင်ပွန်းသည် ဖြစ်သူ အမေရိကန် သံအမတ် တစ်ဦး ဖြစ်တဲ့ Robert Thorn ဟာ ဇနီး သည် မသိအောင် တခြား ကလေးငယ် တစ်ဦးနဲ့ အစားထိုး လဲလှယ် ခဲ့ပါတယ်။ ဇနီး ဖြစ်သူကို နှစ်သိမ့် နိုင်ဖို့ သူ ကိုယ်တိုင် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦး ဆီကနေ တောင်းခံ မွေးစား ခဲ့တဲ့ ကလေး ငယ်ဟာ Thorn မိသားစု ထဲကို ဘုရား ပေးတဲ့ ဆုလာဒ် တစ်ခု အနေနဲ့ ရောက်လာ တယ်လို့ ထင်ခဲ့ကြ ပေမယ့် မကြာခင် မှာတော့ ကျိန်စာ တစ်ခုသာ ဖြစ်တယ် ဆိုတာကို သူတို့ သိခဲ့ရ ပါတော့ တယ်။ ဘာကြောင့် လဲ ဆိုတော့ နောက်ကြောင်း ရေရာစွာ မသိဘဲ မွေးစားခဲ့ မိတဲ့ Thorn လင်မယားရဲ့ ချစ်လှ စွာသော သားငယ် Damien ဟာယေရှု ခရစ်တော်ကို ဆန့်ကျင့် ကြောင်း မွေးရာပါ အမှတ်မျိုးနဲ့ လူ့လောက မှာ ဂြိုလ်မွှေဖို့ ရောက်လာ ခဲ့တဲ့ နတ်ဆိုး သားတော် ၀င်စားသူ တစ်ဦး ဖြစ်နေလို့ ပါဘဲ။" Satan ရဲ့သားတော် ၀င်စားပြီး လူ့လောက ထဲကို ရောက်လာ ခဲ့တဲ့ ကလေးငယ် တစ်ဦးကို ကမ္ဘာသူ ကမ္ဘာ သားတွေ အလုံးစုံ ပျက်စီး စေမယ့် အန္တရာယ် မျိုး ကျမလာခင် လက်ဦးမှု ယူပြီး သတ်ဖြတ် နိုင်အောင် ကြိုးစား ရင်းနဲ့ ကြံရာပါ တွေသာ တစ်ယောက်ပြီး တစ်ယောက် ကြမ္မာဆိုး ၀င်ပြီး သေကုန်ရတဲ့ အကြောင်း သရဲတစ္ဆေ ဇာတ်လမ်း The Omen ဟာ၁၉၇၆ လောက်က ထွက်ရှိခဲ့ပြီး၊ ထိတ်လန့် ဖွယ် အကောင်းဆုံး Horror ဇာတ်ကား တွေ ထဲမှာ တစ်ကား အပါအ၀င် အဖြစ် ယနေ့တိုင် မှတ်ယူ ကြဆဲပါ။

ဇာတ်ကား တောက်လျောက် စိတ်ခြောက်ခြား စရာကောင်းတဲ့ နောက်ခံ တေးဂီတ တွေနဲ့ ခြယ်မှုန်း ထားပြီး၊ ပရိသတ်တွေ မထင်မှတ် ထားတဲ့ ခြောက်လှန့်မှု မျိုးတွေနဲ့ အတူ အချိန် အတန်ကြာ အာရုံထဲ စွဲကျန် စေမယ့် Horror ဇာတ်လမ်း သွား တစ်ခုကို ဆောင်ကျဉ်း ပေးခဲ့ တာကို ကြည့်ဖူး သူတိုင်း အသိပါဘဲ။ အခု အကြောင်း အရာ ကတော့ ဂန္တ၀င် Horror ဇာတ်ကား The Omen ရိုက်ကူးခဲ့ စဉ်တုန်းက နောက်ကွယ် မှာ ဖြစ်ပျက် ခဲ့တဲ့ သာမန် ရိုးကျ မဟုတ်တဲ့ ဆင့်ကဲ တိုက်ဆိုင်မှု ဖြစ်ရပ်များ (သို့မဟုတ်) The Omen ဇာတ်ကား ကျိန်စာရဲ့ အကြောင်း ပါဘဲ။ တချို့ ရုပ်ရှင် တွေဟာ ရိုက်ကူး ရင်းနဲ့ မတော် တဆ ထိခိုက် မှုမျိုး ဖြစ်တာတွေ၊ ထွက်ရှိ လာချိန်မှာ ထင်ထား တာနဲ့ ပြောင်းပြန် ဖြစ်ပြီး ၀င်ငွေ သောက်သောက် လဲ အရှုံးပေါ် တာမျိုးတွေ၊ ပြီးတော့ ရိုက်ကူး ရေး အဖွဲ့ထဲက လူတွေ ဆီကို ဂြိုလ်ဆိုး ၀င်တာ မျိုးတွေ စသဖြင့် မကောင်းတဲ့ အတိတ် နိမိတ်မျိုး တွေနဲ့ ဆက်နွယ် နေတတ် တာကို အားလုံး ကြားဖူး ကြမှာပါ။ ဒါပေမယ့် ရိုက်ကူးရေး အဖွဲ့ဝင် တွေကို သူတို့ ရိုက်ခဲ့တဲ့ ရုပ်ရှင် ထဲကလို အဖြစ် အပျက်မျိုး တွေနဲ့ ကြမ္မာဆိုး ၀င်စေခဲ့ တာမျိုး ကတော့ တိုက်ဆိုင်မှု ဆိုရင် တောင်မှ တော်တော် လေးကို အံ့သြ တုန်လှုပ် စရာ ကောင်းတယ် လို့ ဆိုရမှာပါ။

The Omen ရဲ့အဓိက ဇာတ်ကောင် Robert Thorn ဟာသားဖြစ်သူ မကောင်း ဆိုးဝါး ၀င်စားတဲ့ ကလေး ငယ်ကို ဇာတ်ကားရဲ့ ဇာတ်သိမ်း ခန်းမှာ သေနတ်နဲ့ ပစ်သတ်ဖို့ ကြိုးပမ်း ခဲ့တဲ့ အခန်းကို မှတ်မိ ကြမှာပါ။ တိုက်တိုက် ဆိုင်ဆိုင်ဘဲ Robert အဖြစ် သရုပ် ဆောင်မယ့် မင်းသား ကြီး Gregory Peck ရဲ့သား ဖြစ်သူဟာ ဒီဇာတ်ကား မရိုက်မီ ၂လခန့် အလို၊ ၁၉၇၅ ဇွန်လ ထဲမှာ သေနတ် နဲ့ ကိုယ့်ကိုယ် ကို ပစ်သတ်ပြီး အဆုံး စီရင် သွားခဲ့ ပါတယ်။ မကြာခင် မှာဘဲ ဒီ ဇာတ်ကား ကိစ္စနဲ့ London ကို လေယာဉ်နဲ့ ထွက်ခွာ လာခဲ့တဲ့ မင်းသား Gregory Peck ဟာ အာရုံ တွေ ငြီးနောက် နောက် ခံစားရ ပြီးနောက် သူ့ရဲ့ လေယာဉ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာ အထက် ၀ဲပျံစဉ် မိုးကြိုးပစ် ခံရတဲ့ အဖြစ် မျိုးကို ကြုံခဲ့ရ သလို၊ တစ်ချိန် တည်း ဆိုသလို တခြား လေကြောင်း ခရီး စဉ်နဲ့ ထွက်ခွာ ခဲ့တဲ့ ဒီဇာတ် ကားရဲ့ ဇာတ်ညွှန်း ရေးသူ David Seltzer ရဲ့ လေယာဉ် ဟာလည်း အလားတူ ဖြစ်ရပ်နဲ့ ကြုံခဲ့ရ ပါတယ်။ ရက် သတ္တပတ် အနည်းငယ် အကြာ မှာတော့ ဒီဇာတ်ကားရဲ့ Executive producer ဖြစ်တဲ့ Mace Neufeld တစ်ယောက် L.A ကို လေယာဉ်နဲ့ အသွားမှာ သူပါတဲ့ လေယာဉ်ကို မိုးကြိုး တစ်ကြိမ်ထက် ပိုပြီး ပစ်ခံရခြင်း နဲ့အတူThe Omen ဇာတ်ကားရဲ့ ကျိန်စာ စတင်ပါ တော့တယ်။

နောက်ဆက် တွဲ အဖြစ်အပျက် တွေအနေနဲ့ လေယာဉ်ကို မိုးကြိုးပစ် ခံရတာမျိုး မကြုံလိုက်ရတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Richard Donner ကတော့ သူတည်းခိုတဲ့ Hotel ဟာ IRA အဖွဲ့ရဲ့ ဗုံးဖောက်ခွဲ မှုကို ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက် ခဲ့သလို၊ ရုပ်ရှင် အမှုဆောင် အဖွဲ့ဝင် တွေနဲ့ သရုပ်ဆောင်တွေ ညစာစားဖို့ ရည်ရွယ် ထားတဲ့ စားသောက်ဆိုင် ဟာလည်း ဗုံးခွဲခံ ရတဲ့ အထဲမှာ ပါသွား ခဲ့ပါ တယ်။ ပြီးတော့ Isreal နိုင်ငံမှာ သွားရောက် ရိုက်ကူး ရမယ့် အခန်း အတွက် မင်းသား Gregory Peck ရဲ့လေကြောင်း ခရီးစဉ် တစ်ခုဟာ အချိန်နား ကပ်မှ တခြား အကြောင်းအရာ တစ်ခုကြောင့် Cancel လုပ်လိုက် ရသလို၊ သူမပါဘဲ ထွက်သွား ခဲ့တဲ့ အဲ့ဒီ ခရီးစဉ်မှာ လေယာဉ် ပျက်ကျပြီး၊ လိုက်ပါသူ အားလုံး အသက် ဆုံးရှုံးခဲ့ ရပါတယ်။ လေယာဉ်ဆိုလို့ ဒီဇာတ်ကားနဲ့ ဆက်စပ်ပြီး ကံဆိုး မိုးမှောင်ခဲ့တဲ့ နောက်ထပ် လေယာဉ် တစ်စီးလည်း ရှိပါသေးတယ်။ ဒါရိုက်တာ Richard တစ်ယောက် ဒီဇာတ်ကား ထဲက ဇာတ်ဝင်ခန်း တစ်ခုထဲမှာ ထည့်ရိုက်ဖို့ လေယာဉ် တစ်စီးကို ငှားမယ်လို့ လျာထား ခဲ့ပြီး မငှားဖြစ် ခဲ့ပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားရဲ့ ကျိန်စာ ကတော့ အဲ့ဒီ လေယာဉ် ကိုပါ အလွတ် မပေးဘဲ ပျက်ကျ စေခဲ့ပြီး၊ ခရီးသည် အားလုံး ကို သေလမ်း ပွင့်စေခဲ့ ရုံသာမက၊ အဲ့ဒီ့ လေယာဉ်ဟာ ကားတစ်စီး အပေါ်ကို ပျက်ကျသွား ခဲ့တာဖြစ်ပြီး၊ ကား ပေါ်မှာ သေသွားခဲ့ ရသူ တွေဟာ တခြား သူတွေ မဟုတ် ပါဘူး။ အဲ့ဒီ့ လေယာဉ်ကို မောင်းနှင် လာတဲ့ Pilot ရဲ့မိန်းမနဲ့ ကလေး တွေပဲ ဖြစ်ပါသတဲ့။ ကဲတိုက်ဆိုင် လိုက်တာများ

The Omen ဇာတ်ကားရဲ့ ကျိန်စာဟာ ဒီလောက် နဲ့တင် ရပ်မသွား ခဲ့ပါဘူး။ ဇာတ်ကား ထဲမှာ တွေ့ရတဲ့ Rottweiler ခွေးနက်ကြီး တွေဟာ ရိုက်ကွင်း ထဲမှာ သခင်ကို ပြန်တိုက်ခိုက် တာမျိုး တစ်ကြိမ် မက ကြုံခဲ့ရ သလို၊ ထင်ရှားတဲ့ ဇာတ်ဝင်ခန်း တစ်ခုဖြစ်တဲ့ Baboon မျောက်တွေ ကနေ လူကို ၀ိုင်း တိုက်ခိုက် တဲ့အခန်းကို ရိုက်စဉ်တုန်းက ကူညီပေး ခဲ့တဲ့ တိရစ္ဆာန်ရုံက ၀န်ထမ်းဟာ အဲ့ဒီ့ ဇာတ်ဝင် ခန်း ကိုရိုက်ပြီး နှစ်ပတ် ခန့် အကြာမှာ သူထိန်းကျောင်း နေတဲ့ ခြင်္သေ့ တစ်ကောင်ရဲ့ ကိုက်သတ် စားတာ ခံရပြီး သေခဲ့ ရပါတယ်။ The Omen ဇာတ်ကား ထဲက တချို့ ပြကွက် တွေမှာ လူစားထိုး သရုပ်ဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့တဲ့ Stuntman တစ်ဦးဖြစ်သူ Alf Joint ရဲ့ဖြစ်ရပ် ကတော့ နောက်ပိုင်း ထွက်ရှိ လာခဲ့တဲ့ A Bridge Too Far ဇာတ်ကား မှာ ဆက်ပြီး ပါဝင်ခဲ့ ရာကနေ၊ ခေါင်မိုး ပေါ်က ခုန်ချရတဲ့ အခန်းမှာ လေအိတ် ပေါ်ကို အကျ မတော်ဘဲ ဒဏ်ရာ အနာ တရနဲ့ ဆေးရုံတက် ခဲ့ရ ပါတယ်။ သူ့မိတ်ဆွေ တွေက မေးတော့ သူ့ကို တစ်ယောက် ယောက်က တွန်းချ သလိုမျိုး သူခံစားခဲ့ ရတယ်လို့ ပြန်ပြောပြ ခဲ့ပါ သေးတယ်။


ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ရပ်တွေ ထဲကမှ ခြောက်ခြား စရာ အကောင်း ဆုံး ကတော့ ဇာတ်ကား ထဲက ဇာတ်ပို့ ဇာတ်ရံ တစ်ဦး ကိုယ်တစ်ပိုင်း ပြတ်ထွက်ပြီး သေတဲ့ အခန်းကို တာဝန်ယူ ခဲ့တဲ့ အထူး ပြုလုပ်ချက်ပိုင်း ဆိုင်ရာ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ John Richardson ဟာ ၁၉၇၆ သြဂုတ်လ ထဲမှာ Holland နိုင်ငံမှာ ကားနှစ်စီး ခေါင်းချင်း ဆိုင် တိုက်မိတဲ့ မတော် တဆမှု တစ်ခုကို ကြုံခဲ့ရပြီး၊ သူ့ရဲ့ လက်ထောက် အမျိုးသမီး Liz Moore ဟာ ဇာတ်ကား ထဲကလို ကိုယ် တစ်ပိုင်း ပြတ်ထွက်ပြီး မရှုမလှ သေပွဲဝင် ခဲ့ရတာ ပါဘဲ။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုလို့ သင့် အနေနဲ့ ယူဆမိ သေးတယ် ဆိုရင်တော့ အဲ့ဒီ့ Car Accident ဖြစ်ပွား ခဲ့တုန်းက နေ့စွဲဟာ သောကြာနေ့ ၁၃ရက် ဖြစ်ပြီး၊ Richardson ရဲ့ ပြန်ပြော ပြချက် အရ ကားမှောက် တုန်းက သူ ကိုယ်တိုင် အသက်လု ရုန်းထွက် ခဲ့ရသလို၊ ဒီဖြစ်စဉ်နဲ့ မလှမ်းမကမ်း လမ်းဘေး တစ်နေရာက ဆိုင်းဘုတ် ပေါ်မှာ သူတွေ့လိုက် ရတာ ကတော့ “Ommen, 66.6 km” ဆိုတဲ့ စာသား လေးပဲ ဖြစ်ပါ သတဲ့။ The Omen ဇာတ်ကား နောက်ကွယ်က ရှင်းမပြ နိုင်တဲ့ ဖြစ်ရပ် တွေကို သာမန် တိုက်ဆိုင်မှု အဖြစ်သာ တချို့က ယူဆ ကြသလို၊ မကောင်း ဆိုးဝါး ကျိန်စာ တိုက်ခံ ရတယ်လို့ ယူဆသူ တွေလည်း ရှိကြတာမို့၊ မသိခြင်း များစွာ နဲ့အတူ "The Curse of The Omen" ဟာလည်း လူပြော မများတဲ့ ယုံတမ်း ပုံပြင် တစ်ခု အဖြစ်သာ ကျန်ရစ်ဖို့ သေချာပါ တော့တယ်။
(မောင်မိုးတိမ်)

မြန်မာပြည်မှာ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ဘယ်လောက်များသလဲ သင်သိပါသလား

တချိန်က မှိုပေါက်သလိုများပြားလှတဲ့ လက်နက်ကိုင်တွေကို စစ်အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မလှုပ်နိုင်အောင် ဖိထားခဲ့တာပါအင်အားနည်းအောင် ပြည်မကိုရန်မရှာနိုင်အောင် ရဲဘော်လေးတွေအသက်
ပေါင်းများစွာနဲ့ ပေးဆပ်ပြီး အမိအရဖိထားနိုင်ခဲ့ပါတယ်စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလဲအများအပြား
ရှိသလိုစစ်အုပ်ချုပ်ရေးကြောင့် အောက်ပါအဖွဲ့အစည်းတွေ ငြိမ်သက်သွားရတာကိုတော့ မြန်မာနိုင်ငံသား
တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။

(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ်
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့

အဖွဲ့ဆိုတာက သောင်းကျန်းသူဆန့်ကျင်ရေးခေါင်းစဉ်နဲ့ ကျေးရွာကြီးတွေမှာ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်တချို့တွေကတော့ တပ်မတော်အောက်ကို BGF တပ်ရင်းများအဖြစ် သစ္စာခံလိုက်ကြပြီဖြစ်ပါတယ်

ဒါ့ကြောင့် နိုင်ငံရေးသမားများ ပြည်မမှာပဲနေပြီး နိုင်ငံရေးစတန့်မထွင်ဖို့ဘာသာရေး လူမှုရေးကိစ္စလို မျိုးတွေနဲ့အချိန်မရွေး တောခိုသွားနိုင်တဲ့ ဒီလိုအဖွဲ့တွေရှိတယ်ဆိုတာ သိထားဖို့ကိုတခုခုဖြစ်ရင် အသေခံတိုက်ရတဲ့ ရဲဘော်လေးတွေကိုယ်စားပြောပြလိုက်ရပါတယ်

ကိုဆေး

အစ်ကိုဖြစ်သူရဲ့ အသက်ကို ကယ်နိုင်ဖို့ မိမိကိုယ်ကို သတ်သေခဲ့တဲ့ ညီတစ်ယောက်ရဲ့ ၀မ်းနည်းချီးကျူးဖွယ် ဖြစ်ရပ်

တရုတ် နိုင်ငံ အလယ်ပိုင်း၊ ဖူနန်မြို့မှာ နေထိုင်တဲ့ အသက်(၁၈)နှစ် အရွယ် သာ ရှိသေး တဲ့ဟောင် တာ အို ဟာ ဆင်းရဲလွန်းလှတဲ့ မိသားစုနဲ့ အစ်ကို ဖြစ်သူရဲ့အသက် ကို ကယ်တင် လိုတာမို့ ကိုယ့်ကိုယ် ကိုအဆုံးစီရင် သွားခဲ့ တယ်လို့ သိရပါတယ်။

တကယ်တော့ ဟောင်တာအို ရဲ့ မိ သားစုဘ၀က သနားစရာ ဖြစ်ပါ တယ်။ ဟောင်တာအိုနဲ့ အစ် ကို ဖြစ်သူ ဟောင်ဟူဇိုဟာ ငယ်စဉ် ဘ၀က အေးချမ်းစွာ ဖြတ်သန်း လာ ပေမယ့် ၂၀၁၀ အရောက် မှာတော့ ဘ၀ က ပြောင်းလဲ သွားခဲ့ပါတယ်။ အဲဒါက တော့ ဟောင်ဟူ မှာ ကျောက်ကပ် ဝေဒနာ ခံစားခဲ့ရ ခြင်း ဖြစ်ပါ တယ်။ ဆရာဝန်တွေက ဟောင်ဟူ ရဲ့ ကျောက်ကပ်ဝေဒနာကို အစားထိုးကုသမှု ပြုလုပ် ရမယ်လို့ တိုက်တွန်း ခဲ့ တဲ့ အချိန်မှာ ဟောင်တာအို ကလည်း အစ်ကိုဖြစ်သူ လို ဝေဒနာ မျိုး ခံစားခဲ့ရပါတယ်။ ညီအစ်ကိုနှစ် ယောက် စလုံး ကျောက်ကပ်ဝေဒနာ ရရှိခဲ့တာ မို့ ဖခင်ဖြစ်သူဟာ ပိုင်ဆိုင်သမျှအရာ အားလုံး ရောင်းချပြီး ဆေး ကုသ မှုပေးခဲ့ပါတယ်။ တရုတ် နိုင်ငံတစ်ဝန်း သွားလာပြီး သားတွေရဲ့ ရောဂါ ကို ဘယ်လို ကုသ ပေးရ မလဲဆို တာ ကျွမ်းကျင် တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ခဲ့သလို မိတ်ဆွေ သူငယ်ချင်းတွေဆီကလည်း ချေးငှားမှုတွေ ပြုလုပ် ခဲ့ ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ ငွေကြေးဟာ ဆေး ကုသ ဖို့ မလုံ လောက် ခဲ့ပါဘူး။ မိခင်ဖြစ် သူကလည်း သူ့ရဲ့ ကျောက်ကပ်ကို သားတွေ ကို လှူဒါန်းဖို့ ကြိုးစားခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် လုပ်နိုင်ခဲ့ခြင်း မရှိ ပါဘူး။

သားတွေကို ဆေးကုသရင်း နောက်ဆုံး တောင်းရမ်းစားသောက်ရတဲ့ အခြေအနေ ကို ရောက်သွားခဲ့ ပါ တယ်။ ဒီလိုအဖြစ်မျိုး ကြုံ တွေ့နေရတာကို ၀မ်းနည်းမဆုံးဖြစ်ခဲ့တဲ့ ဟောင်တာအို ဟာ ကိုယ့်ကိုယ်ကို အဆုံး စီ ရင် မှုပြုခဲ့ပြီး သေတမ်းစာကိုလည်း ရေးသားခဲ့ ပါတယ်။ စာထဲမှာ ဟောင်တာအိုက ““ကျွန်တော် မရှိတဲ့အချိန်မှာ အကောင်းဆုံးလုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အစ်ကိုဖြစ်သူရဲ့ အသက် ကို ကယ်တင်နိုင်မယ်လို့ မျှော်လင့် မိ ပါတယ်။ အစ်ကိုကြီး ဟာ ကျွန်တော့် ကို ဦးစားပေးဖို့ အမြဲပြော ခဲ့ပါတယ်။ ဒါနဲ့တင် ကျွန်တော့်အတွက် လုံ လောက်နေပါပြီ””လို့ ရေးသားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ မီဒီယာ တွေကြား မှာ ထင်ရှားသွားခဲ့ပြီး ဟောင်ဟူကို ကျောက် ကပ်လှူဒါန်းမယ့်သူ ပေါ်ပေါက်လာခဲ့ပါတယ်။ အခု အချိန် မှာ ဟောင်ဟူဟာ ကျောက် ကပ် အစားထိုးမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိသားစုအတွက် အသက်ပေး သွားခဲ့တဲ့ ဟောင် တာအိုရဲ့ လုပ်ရပ်ကတော့ ချီး ကျူးစရာပဲ ဖြစ်ပါတယ်။

By Messenger(oppositeyes)

ငြိမ်းချမ်းရေးအောက်က ..ဘ၀များ

နေရာက သောင်ရင်းမြစ် အနောက်ခြမ်း။ အဝေးကို လှမ်းကြည့်ရင် စိမ်းပြာရောင် တောင်တန်းတန်းတွေက လှိုင်းတံပိုးတွေအလား ၀န်းရံလို့ ။ အနောက်ဘက်ဆီက သစ်မျောတွေက သောင်ရင်းရဲ့ ရင်ကိုခွဲလို့ တအိအိနဲ့  ဆင်းလာနေတယ်။ အပြာနုရောင်အမိုးအောက်မှာ တိမ်ဖြူတွေက ဟိုတစ်ကွက် ဒီတစ်ကွက် ။ တစ်ခါတစ်ခါ ရိုးမအတွင်းက ဂျီဟောက်သံက မကြားတကြား။
သောင်ရင်းမြစ်ရေက ငြိမ်တစ်ခါ ကြမ်းတစ်လှည့်နဲ့  သံလွင်ဆီကို စီးဆင်းနေလေရဲ့ ။ အရာရာ ဟာ အထီးကျန်ခြင်းရဲ့ ပြယုဂ် တစ်ခုအလား တစ်စပြင် ကဲ့ သို့ တိတ်ဆိတ်ငြိမ်သတ်။

ဆက်သွယ်ရေးမြောင်းထဲက စစ်သားတစ်ယောက် ပွတ်ချွန်းလို့ ခေါ်တဲ့ (လက်ဘက်ခြောက်ကို အိမ်သာသုံးစက္ကုနဲ့ လိပ်ထားတဲ့) ဆေးလိပ်ကို ပါးချိုင့်အောင်ဖွာနေတယ်။ သူ့ အတွက် အထီးကျန်ခြင်းကို တီးမိခေါက်မိမရှိဘူးပျင်းရိခြင်းကိုနားမလည်ဘူး ။တစ်ခါတစ်ခါ အလွမ်းကလွဲရင် ဘာမှမပိုင်တဲ့ သူ့ အဖို့ 
အဝေးကအသံတစ်ချို့ ကို နားစွင့်ရင်း ချွေးတစ်လုံးလုံးနဲ့ ထိုင်နေလေရဲ့ ။
သြော်....သူရောက်နေတဲ့နေရာက

" ရင်......ဆိုင်.......ကုန်း"

ရင်ဆိုင်ကုန်းဆိုတာကတော့ မိမိ တပ်နဲ့ ရန် သူ့ တပ် နှစ်ခုဟာ မျက်နှာချင်းဆိုင် ကုန်းနှစ်ခုအပေါ်မှာစခန်းချထားတာပါ။ ကိုယ့်ဘက်က ကျည်ထိုးသံ သူကြား သူ့ ဘက်က မောင်းတင်သံကိုယ်ကြားတဲ့နေရာပေါ့။ စစ်ရေးသတိ အပြည့်ရှိရတဲ့နေရာဖြစ်ပြီး တစ်ချက်မှားတာနဲ့  ဇိဝိန်ကြွေသွားနိုင်တယ်။ အားလုံးတိတ်ဆိတ်ငြိမ်သတ် ခေါင်းတောင်မဖော်ကြပဲ ကျင်းတွေမြောင်းတွေထဲမှာ အသံတိတ်နေရတာပါ။ ဘယ်လောက်ကြာအောင်နေရလဲဆိုတော့ နှစ်ချို့ အောင်နေရပါတယ်။ အရာရာကို တိတ်ဆိတ်ခြင်းကလွှမ်းမိုးလို့  အဝေးကလှမ်းကြည့်ရင် စခန်းပျက်ကြီးတွေအလား ပေါ့ဗျာ။ ဒီလိုနဲ့ ပဲ ရင်ဆိုင်ကုန်းနှစ်ခုက တပ်သားတွေ နှစ်ချို့ ခဲ့ကြတယ်။ စစ်သားလည်း လူသားပေမို့ ထူးဆန်းစွာပဲ မမြင်ဘူးမတွေ့ ဘူးတဲ့ ရန်သူတွေအချင်းချင်း သံယောဇဉ်က တစ်စတစ်စ ပေါ့။

"ဂေါင် ဂေါင် ဂေါင်" (ဟန်းကောကို ဒုတ်နှင့်ခေါက်သံ)

"ဟိုဘက် ကယောက်ဖတွေရေ ဘာချက်လဲဟေ့"

ဆက်သွယ်ရေးမြောင်းထဲကပြန်ဖြေတယ်

"၀က်သား"

"ဟဟ မဖြိးနဲ့ ဟေ့ကောင်တွေ မင်းတို့ ဘက်က ငါးပိဖုတ်နံ့ ဒီကတောင်ရတယ်။"

"အောင်မာ မင်းတို့ ဘက်က ငှက်ပျော အူ ပြုတ်နံ့ ကရော မနက်ကတည်းကရနေတာ။"

"ဟင်းစားလဲမလား "

"လုပ်လိုက်လေ သေနတ်မယူကြေး ကုန်းနှစ်ခုကြားက ချောင်းခြောက် မှာ လဲမယ်။"

ဒီလိုနဲ သူတို့ တွေရင်းနှီးလာခဲ့ကြတယ်။ ဟင်းစားတွေလဲစားကြတယ်။
ကုန်းနှစ်ခုကြားက ချောင်းခြောက်က ခြင်းကွင်းဖြစ်နေပြီ။
ညနေဆို တပ်နှစ်ခုချိန်းပြီးခြင်းခတ်တယ်။ ကြေးကတော့မများပါဘူး
ကုန်းပိုးစီးကြေး။ ငပိ တစ်ပိသာကြေး။ စသည်ဖြစ်ပေါ့။ စစ်ရေးသတိကတော့ နှစ်ဘက်လုံးရှိကြပါတယ်။ အစပိုင်းတော့ သေနတ်တွေ ဖွက်ယူလာခဲ့ကြတယ်။
နောက်တော့လည်း မယူကြတော့ဘူး။ ဒီလိုနဲ့ နှစ်ချို့ လာခဲ့ကြတယ်။

တစ်နေ့  အမိန့် တစ်ခုကြောင့်။ သို့ မဟုတ် အခြေနေတစ်ခုကြောင့် သူတို့ တွေ
တိုက်ခဲ့ကြတယ်။ နိုင်တဲ့ဘက် နိုင်မယ် ရှုံးတဲ့ဘက်ရှုံးမယ်။ စစ်မှာအရှုံးအနိုင်မရှိ သေသူနဲ့ ရှင်သူပဲရှိသည်လေ။ ကျတော် ကြားဘူးသလောက် တစ်ချို့ က ငိုပြီးပစ်တယ်လို့ ကြားဘူးတယ်။

"စိတ်မကောင်းပါဘူးယောက်ဖတို့ ရာ မင်းတို့ ပြေးပါတော့ "လို့  နိုင်တဲ့ဘက်ကအော်ပစ်တယ်။

ငြိမ်းချမ်းရေး......

ကျတော်တို့ သိပ်လိုချင်တယ်ဗျာ။ အဲဒီလိုခံစားမှုမျိုးတွေ က ခံရခက်လှတယ်။ ဒါတွေကြိုငိမ်းချမ်းရေးလို့ တစ်တွင်တွင် အော်ပြနေတဲ့ မျောက်ပြဆန်တောင်းတွေအဖို့  နားလည်မှာမဟုတ်ပါဘူး။ ကြုံဘူးမှာလဲမဟုတ်ကြဘူး ။ အဲဒီ အဲဒီ စစ်မြေပြင် က နှစ်ဘက် စစ် သားတွေ အသိဆုံးနေလိမ့်မယ်။ ဘယ်စစ်သားမဆို စစ်မတိုက်ချင်ကြပါဘူး။ အဓိကတာဝန်က စစ်တိုက်ရန်ဆိုပေမယ့် ဘယ်သူမဆို ကိုယ့်တပ်မှာကို တပ်တည်ဆောက်ရေးလုပ်ပြီး အေးအေးချမ်းချမ်း မိသားစုနဲ့ နေချင်ကြသူချည်းပဲ။

ခင်ဗျားတို့ က အကျီ င်္အပြာတွေဝတ်ပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပြတယ်။ ကျုပ်တို့ က အကျီ င်္ီအစိမ်းတွေဝတ်ပြီး ငြိမ်းချမ်းရေး အောက်မှာအံကြိတ်ခဲ့ရတယ်။

စစ်သားဟာ စစ်မတိုက်ချင်ဘူး။ ဘာလို့ လဲဆိုတော့ စစ်ရဲ့ ဆိုးကျိုးတွေ သွေးထွက်သံယိုတွေ နာကျည်းမှုတွေ ငိုကျွေးမှုတွေနာမည်မတပ်နိုင်တဲ့ ခံစားမှုမျိုးတွေကို စစ်သားပဲ တိုက်ရိုက်ထိတွေ့ ရတာ။

ကျတော်အပေါ်မှာရေးတဲ့ အကြောင်းအရာလေးက ကိုယ်တွေ့ မဟုတ်ပါဘူး။
ကျတော့်အဖေပြောပြတဲ့ သူတို့ တုန်းက ဟိုး ကရင်ပြည်နယ်ဘက်က အကြောင်းလေးပါ။ အခုတော့ သူတို့ တွေ ငြိမ်းချမ်းရေး ရကြပြီ။ အမိုးအိမ်မှာထမင်းစားရင် ဖထီးက M 16 နဲ့ မပစ်တော့ဘူး။

သူတို့ တွေရဲ့ ဟိုးတုန်းက စခန်းကုန်းနှစ်ခုကြားက ပုန်းရှိုးကွယ်ရှိုးခတ်ခဲ့ကြတဲ့ ကုန်းပိုးစီးကြေးခြင်းခတ်ပွဟာအခုတော့ မြိုင်ကြီးငူဒေသမှာ ကျင်းပနေပြီ။ ယောက်ဖတွေ လက်ဘက်ရည်ဆိုင်တူတူထိုင်နေကြပြီ။ဇွဲကပင်တောင်ပေါ်ကိုတူတူတက်ကြပြီ။ငြိမ်းချမ်းရေးအဓွန့် ရှည်ပါစေ။ စစ်ဆိုတာကိုနားလည်နိုင်ပါစေ

ထူးဝေ

မြန်မာ ပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံ တံတား (ဂုတ်ထိပ် တံတား)


ဂုတ်ထိပ် တံတား (Goteik viaduct) အမည်ရ တောင်ကြား ဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာ ကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင် ချိုမြို့အနီးမှာ ဖြစ်ပါတယ်။

အတိအ ကျအားဖြင့် မန္တလေး-လားရှိုးလမ်း၊ နောင်ချို ဘူတာ အလွန် ၇ မိုင်အကွာတွင် တည်ရှိ ပါတယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့နှစ်ခုကြားက တံတား လို့လည်း နိုင်ငံခြား သားများက အလွယ် မှတ်ထား ပါတယ်။

မြင်းခုံ တံတား ဆိုလို မြင်းတွေ ခုံတယ်လို့ ဘာသာပြန်ရန် မဟုတ်ပါ။ The world largest trestle လို့ အသိမှတ် ပြုထားတဲ့ တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်း များဖြင့် ထောက်ခံ ထားသော တံတားလို့ လွယ်လွယ် ကူကူ ဘာသာ ပြန်နိုင်ပါတယ်။ မြန်မာ အခေါ် ကတော့ မြင်းခုံ ဖြစ် ပါတယ်။

၁၈၉၉ ခုနှစ်က တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့ ပါတယ်။ အသုံးပြု တာကတော့ ၁၉၀၃ ခုနှစ်ရောက်မှ စတင် တယ်လို့ မြန်မာ့ စွယ်စုံ ကျမ်းမှာ ဖော်ပြထား ပါတယ်။ ဗြိတိသျှ ကိုလိုနီတို့ တည်ဆောက်ပေး ခဲ့တယ်လို့ အကျမ်းဖျင်း မှတ်ယူပေမယ့် တာဝန်ယူ တည်ဆောက်တာ ကတော့ ဗမာ့ မီးရထား လမ်း ကုမ္မဏီ (Burma Railroad Company) ဖြစ်ပါတယ်။ ယင်း ကုမ္မဏီမှာ ဗြတိသျှ၊ မြန်မာ အင်ဂျင်နေယာ များ ပါဝင်ပါ တယ်။ ဦးဆောင်တည် ဆောက်သူ ကတော့ Sir Arthur Rendel ဖြစ်ပါ တယ်။ အသုံးပြုတဲ့ အစိတ်အ ပိုင်းများ ကိုတော့ အမေရိကန်မှ တိုက်ရိုက် မှာယူ ထားခြင်း ဖြစ်ပါတယ်။

တံတား အရှည် ၂၂၆၀ပေ၊ တံတား အောက်ခြေမှ အမြင့် ပေ ၁၁၀၀ ရှိပြီး ပေ ၃၀၀ ကျော်မတ် စောက်သော လျှိုကြီး နှစ်ဖက်ကို ဖြတ် ကျော်တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ ရှမ်းဘာသာ အခေါ် ငုပ် ထိပ်တံတားမှ ဂုတ်ထိပ်ဟူ ၍ အမည်တွင်လာ ခဲ့သော တံတား ဖြစ်သည်။

ယင်း တံတားကို တည်ဆောက် သည့် နည်းပညာ အဆင့်မြင့် မှုနှင့် သဘာဝ ပတ်ဝန်းကျင်လှ ပမှုတို့ ကြောင့် ခေတ်အဆက်ဆက် ထင်ရှား ကျော်ကြား လာသော တံတား ဖြစ်ပြီး ကမ္ဘာ့ အံ့ဖွယ်စာရင်း များတွင် ပါဝင်ခဲ့ သည်။

ယနေ့ တိုင်ထိလည်း မြန်မာ ပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့ အကြီးဆုံး မီးရထား သံလမ်း တံတား (မြင်းခုံ တံတား) ဟု မှတ်ကျောက်တင် ဆဲ ဖြစ်ကြောင်း သိရပါတယ်။

ခေတ်အ ဆက်ဆက် ပျက်ဆီး ယိုယွင်းမှု များကို ထိန်းသိမ်း လာခဲ့ခြင်း ကြောင့် ယနေ့တိုင် တည်ရှိနေ ဆဲဖြစ်သည့် Goteick viaduct သည် ကမ္ဘာလှည့် ခရီး သည်များ၏ စိတ်ဝင် စားဖွယ်၊ သွားရောက် လေ့လာဖွယ် နေရာ တစ်ခု ဖြစ်ကြောင်း သိရပါ တယ်။

(ရိုးရာလေး)

ပင်လယ်နေ လင်းပိုင် ပင်လယ်ရေ မသောက်

ရေငံမှာ နေထိုင်ထိုင်တဲ့ လင်းပိုင်များဟာ သူတို့လိုအပ်တဲ့ ရေဓာတ်ကို ပင်လယ် ရေကယူပြီးတော့ မသောက်သုံးပါဘူး။ ယင်း ပင်လယ်ရေက လင်းပိုင်များကို ဖျားနာစေလို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို သူတို့ စားသုံးတဲ့ အစာတွေကနေပဲ ရရှိတာပါ။ လင်းပိုင်း စားသုံးတဲ့ အစားအစာများမှ ရရှိတဲ့ ရေဓာတ်ကိုပဲ ပြန်လည် ဆုပ်ယူ အသုံးချခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ရေငံလင်းပိုင်များဟာ ပင်လယ်ရေကို မသောက်သုံး ရခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

လပေါ်တွင်လမ်းလျှောက်ခဲ့သူ အမေရိကန်အာကာသယာဉ်မှူး ဘတ်စ်အယ်လ်ဒရင်

ဘတ်ဇ်အယ်လ်ဒရင်သည် အမေရိကန်နိုင်ငံသား အာကာသယာဉ်မှူးဖြစ်ပြီး ၁၉၆၉ ခုနှစ်တွင် လပေါ်သို့ ပထမဆုံးခြေချခဲ့သူ အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်းနှင့်အတူ အပိုလို-၁၁ အာကာသယာဉ်ဖြင့်လိုက်ပါ၍ လပေါ်တွင်လမ်းလျှောက်ခဲ့သူဖြစ်သည်။
အယ်လ်ဒရင်ကို ၁၉၃၀ ပြည့်နှစ် ဇန်န၀ါရီ ၂၀ ရက်က နယူးဂျာစီပြည်နယ် မောင့်ကလဲဒေသတွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ အမေရိကန်လေတပ်ဗိုလ်မှူးကြီးဖြစ်ပြီး မိခင်မှာ ကြည်းတပ်အရာရှိတစ်ဦး၏ သမီးဖြစ်သည်။ ဖခင်က ၎င်း၏လေယာဉ်ပျံသန်းမှုစိတ်ဝင်စားခြင်းကို အားပေးခဲ့သည်။
အယ်လ်ဒရင်သည် ၁၉၄၇ ခုနှစ်တွင် မောင့်ကလဲအထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ၀က်စ်ပွိုင့်စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး စည်းကမ်းလိုက်နာမှု၌ အလွန်ထူးချွန်ကာ ပထမနှစ်တွင် အတန်းထဲ၌ပထမရခဲ့သည်။ ၁၉၅၁ ခုနှစ် ကျောင်းပြီးဆုံးချိန်တွင် ၎င်း၏အတန်းတွင် တတိယနေရာရပြီး စက်မှုအင်ဂျင်နီယာဘွဲ့ရရှိခဲ့သည်။
အယ်လ်ဒရင်၏ဖခင်ဖြစ်သူက ၎င်းကို လေကြောင်းပညာရပ် ဆက်လက်လိုက်စားစေလိုသော်လည်း ၎င်းကတိုက်လေယာဉ်မှူးဖြစ်ချင်ခဲ့၍ နောက်ဆုံးတွင် ဖခင်ကအလျှော့ပေးကာ အမေရိကန်လေတပ်သို့ ၀င်ရောက်ခဲ့သည်။ လေတပ်လေ့ကျင့်ရေးကျောင်းတွင်လည်း ထူးချွန်ခဲ့သူ အယ်လ်ဒရင်သည် ကိုရီးယားစစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ရန်သူ့ MiG လေယာဉ်နှစ်စီးကို ပစ်ချနိုင်ခဲ့၍ လေတပ်ထူးချွန်ဆုရရှိခဲ့သည်။
ကိုရီးယားစစ်ပွဲပြီးဆုံး၍ မိခင်နိုင်ငံသို့ပြန်လာချိန်တွင် အယ်လ်ဒရင်သည် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT)တွင် တက်ရောက်၍ လေကြောင်းပညာရပ်အထူးပြုဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့သည်။ (MIT) ဒေါက်တာဘွဲ့စာတမ်းအတွက် လူလိုက်ပါသော ကမ္ဘာပတ်လမ်းကြောင်းအတွင်း စွန့်စားမှုများအကြောင်း အထူးပြုလေ့လာခဲ့သော အယ်လ်ဒရင်သည် အမေရိကန်အာကာသအေဂျင်စီ (NASA)၏ အာကာသယာဉ် စတင်ပျံသန်းရေးအစီအစဉ်အတွက် ရွေးချယ်ခံရသည်။
အယ်လ်ဒရင်သည် ၁၉၆၆ ခုနှစ်တွင် အခြားအာကာသယာဉ်မှူးတစ်ဦးဖြစ်သူ ဂျင်မ်လိုဗဲလ်နှင့် ဂျီမီနီ-၁၂ အာကာသယာဉ်နှင့် လိုက်ပါ၍ အာကာသထဲတွင် ငါးနာရီကြာ လမ်းလျှောက်စံချိန်တင်ခဲ့သည်။ ယင်းခရီးစဉ်အပြီးတွင် အယ်လ်ဒရင်သည် အပိုလို-၁၁ အာကာသယာဉ်တွင် နီးလ်အမ်းထစရောင်းနှင့်အတူ လိုက်ပါ၍ လပေါ်တွင် လမ်းလျှောက်ခဲ့ပြီး အခြားဂြိုဟ်တစ်ခုပေါ်တွင် လမ်းလျှောက်သော ပထမဆုံးလူသားနှစ်ဦးဖြစ်လာသည်။ ၎င်းတို့သည် လမျက်နှာပြင်ပေါ်တွင် ၂၁ နာရီကြာနေထိုင်ပြီး လပေါ်မှ ၄၆ ပေါင်ရှိသော ကျောက်တုံးများသယ်ယူ၍ ကမ္ဘာမြေသို့ ပြန်လာခဲ့သည်။
ကမ္ဘာမြေသို့ ပြန်ရောက်ချိန်တွင် အယ်လ်ဒရင်မှာ အရပ်သားများအတွက် အမြင့်ဆုံးဂုဏ်ပြုဆု Presidential Medel of Freedom ဆု ချီးမြှင့်ခံရသည်။ အယ်လ်ဒရင်သည် ၁၉၇၂ ခုနှစ်တွင် နာဆာအဖွဲ့မှအနားယူပြီး လေတပ်သို့ပြန်လာကာ စီမံခန့်ခွဲရေးတွင် ပါဝင်လုပ်ကိုင်သည်။
နောက်ပိုင်းတွင် အာကာသသိပ္ပံနှင့်ပတ်သက်၍ နည်းပညာအများအပြားကို ဖော်ထုတ်နိုင်ခဲ့သူ အယ်လ်ဒရင်သည် ကမ္ဘာမြေသို့ အပြန်ခရီး(Return to Earth) ဟူသော ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို ရေးသားခဲ့သလို အောက်မေ့ဖွယ်မှတ်တမ်းစာအုပ်နှင့် ကလေးငယ်များအတွက် စာအုပ်အများအပြားလည်း ရေးသားခဲ့သည်။ ထို့အတူ စိတ်ကူးယဉ်သိပ္ပံဝတ္ထုနှစ်အုပ်လည်း ရေးသားခဲ့သည်။
ယခုအခါ အသက်(၈၀)ကျော်ပြီဖြစ်သော်လည်း မစ္စတာအယ်လ်ဒရင်သည် မိမိကိုယ်ကိုယ် အလုပ်ရှုပ်အောင် စီမံထားဆဲဖြစ်ပြီး တက္ကသိုလ်အချို့၌ ပို့ချပေးခြင်းနှင့် အခြားပြင်ပစကားပြောပွဲအများအပြားတွင် ပါဝင်နေဆဲဖြစ်သည်။
မစ္စတာအယ်လ်ဒရင်သည် အိမ်ထောင်သုံးဆက်ကျခဲ့သည်။
(ရဲမင်း)

—Ref: Wikipedia

Monday, January 20, 2014

ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)

ကမ္ဘာ့ဒုတိယအကြီးဆုံး မိုင်းတွင်း အဖြစ် စံချိန်ထားတဲ့ Mr mine ဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးယီးယား အရှေ့ ပိုင်း Mirny မြို့ မှာ တည်ရှိပါတယ်။ ပထမ အကြီးဆုံးကတော့ အမေရိကန်နိုင်ငံမှာ ရှိတာ ဖြစ်ပါတယ်။

Mr mine ဟာ အနက်ဟာ ၁၇၂၂ ပေရှိပြီး အကျယ်အဝန်းကတော့ ၃၉၀၀ ပေ ရှိပါတယ်။ ၁၉၅၇ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ၂၀၁၁ ခုနှစ်မှာ တူးဖော်မှုများ ယာယီ ရပ်နားထားပါတယ်။ ဆိုဗီယက်ခေတ်ကာလ ကတည်း က တူးဖောက်ပြီး ဆိုဗီယက်ရဲ့  စိန်အထွက် အများဆုံး နေရာ လို့တောင် အသတ်မှတ်ခံခဲ့ ရပါသေးသတယ်။ တစ်နှစ်ကို စိန် ၂ထောင် ကီလိုဂရမ် ပျှမ်းမျှ ထွက်ရှိပြီး အရည်အသွေး ပြည့်မှီတဲ့ စိန်များ ဖြစ်ပါတယ်။

ကြားမှာ ကုမ္မဏီသုံးခုလာက်အပြောင်းအလဲ ဖြစ်ခဲ့သေးပြီး ဆိုဗီယက်နိုင်ငံ ပြိုကွဲစဉ် ကာလက တစ်နှစ်လောက် နားခဲ့ရပါသေး တယ်။ ဆောင်းရာသီရဲ့  လွန်ကဲတဲ့ အအေးဒဏ်ကြားထဲကနေလည်း ခက်ခက်ခဲခဲ တူးခဲ့ကြပါတယ်။ ယခုတော့ ရေမြေအနေအထား ဆက်တူး ရင်ပတ်ဝန်းကျင် ဒေသများကို ထိခိုက်နိုင်တဲ့အတွက် ရပ်တန့်ထားပါတယ်။ သို့ပေမယ့် ယာယီမျှသာ ဖြစ်ပြီး စိန်ထွက်ရှိမှု မရပ်သေးတဲ့ Mr mine ကို ဆက်တူးအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham ( International news for myanmar )

ဂျိမ်းစဘွန်း ဇာတ်ရုပ်ဖန်တီးသူ ဂျိမ်းစဘွန်း ဖြစ်ခဲ့

ယနေ့တိုင် ကမ္ဘာကျော်သွားစေတဲ့ ဂျိမ်းစဘွန်း 007 ဇာတ်ကောင် ဖန်တီး သူ ဟာ တကယ် ဂျိမ်းစဘွန်း ဖြစ်ခဲ့ ပါတယ်။

Ian Fleming လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန် Naval မှ ထိပ်တန်း အေးဂျင့် တစ်ဦး ဖြစ်ပါတယ်။ ၁၉၀၈ ခုနှစ် မေလ က မွေးဖွားပြီး ၁၉၆၄ ခုနှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တဲ့ Ian Fleming ဟာ သူ့ သက်တမ်း တစ်လျှောက်မှာ နိုင်ငံရေး နဲ့ အနုပညာမှာ နှစ်မြှုပ်ခဲ့သူ ဖြစ်ပါတယ်။ ရေတပ် ထိပ်တန်းအရာရှိတစ်ဦး ဖြစ်လာပြီး ဗြိတိန်က ဖွဲ့စည်းတဲ့ လျှို့ ဝှက်အေးဂျင့် MI6 မှာလည်း သူလျှိုတစ်ဦး ဖြစ်ခဲ့ ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဂျာမနီရဲ့  Code book နဲ့ စစ်လက် နက် ထောက်လှမ်းရေး Mission မှ ခေါင်းဆောင် အရာရှိ တစ်ဦး ဖြစ်ခဲ့ပြီး Mission အောင်မြင်ခဲ့ပါတယ်။ ပြီးတော့ အခြားသော စစ်ဆင်ရေး ပေါင်းမြောက် များစွာမှာလည်း ပါဝင်ပြီး ဗြိတိန်က အထူးအားထား ရတဲ့ အေးဂျင့်ဖြစ်ခဲ့ ပါတယ်။ စစ်ပြီးတဲ့ ကာလမှာတော့ သူလျှို အလုပ်မလုပ်တော့ပဲ ဗြိတိန်ရဲ့  ဂျာနယ်လောကကို ဝင်ရောက်ခဲ့ ပါတယ်။ သတင်းစာ၊ ဂျာနယ် ထုတ်ဝေပြီး ကိုယ်တိုင်ရေး ဝတ္ထုများလည်း ထုတ်ဝေ ပါတယ်။

အအောင်မြင်ဆုံးကတော့ အခန်းဆက်ရေးသားတဲ့ ဂျိမ်းစဘွန်း 007 ဖြစ်ပြီး ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးယူတဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ ဇာတ်လမ်း ကလည်း သူကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များ၊ စစ်ဆင်ရေး များကို ပြန်လည်အခြေခံထားခြင်း ဖြစ်တာမို့ ကမ္ဘာကျော် လူကြိုက် များရခြင်း ဖြစ်ပါတယ်။ ဗြိတိန် MI6 ရဲ့  ကြီးမြတ်မှုကို ဖော်ပြနိုင်ခဲ့ တဲ့ ဂျိမ်းစဘွန်းရုပ်ရှင်များကြောင့် ယနေ့မှာ 007နေ့အဖြစ်တောင် သတ်မှတ် ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသား


ပုံထဲက Kim Ung-yong ပါ။ ။ သူ ၆ လအရွယ်မှာ စကားကို ကျွမ်းကျင်စွာ ပြောတတ်နေပါပြီ။ အသက် ၃ နှစ်အရွယ်မှာ ဂျပန်၊ကိုးရီးယား၊ဂျာမန်၊ အင်္ဂလိပ် ဘာသာတွေကို စပြီး ဖတ်နိုင်နေပါပြီ။ အသက် ၄ နှစ် ရောက်တော့ Hanyang University မှာ physics ကျောင်းသား အဖြစ် ကျောင်းတက်ပါတယ်။ အသက် ၁၄ မှာ Colorado State University ကနေ PhD ရပါတယ်။ အဲ့ချိန် သူ့ IQ က ၂၁၀ ရှိနေပါပြီ ။

အသက် ၈ နှစ်မှာ NASA က သူ့ကို ခေါ်ယူခဲ့ပါတယ်။ ၁၀ နှစ်တိတိ NASA နဲ့ အလုပ်လုပ်ခဲ့ပါတယ်။

သူ့ကို မေးတော့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို သူ့ငယ်ငယ်တုန်းက ဒီအတိုင်းပဲ ကြည့် လိုက်တာပါတဲ့ ပြီးတော့ သူ့အလိုလို ဦးနှောက်က စဉ်းစားပြီး အဖြေထွက်အောင် တွက်တာပါတဲ့။ ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် Guinness Book of World Records၊၂၀၁၀ မှာ မှတ်တမ်းတင်ခြင်းခံရပါတယ်။

~MM~
သုတစွယ်စုံကျမ်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့ သက္ကလပ်အင်္ကျီအကြောင်း

  ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်1947ခုနှစ်၊ဇန်န၀ါရီလ 2ရက်နေ့တွင်လွတ်လပ်ရေးအတွက်ဆွေးနွေးရန် လန်ဒန်သို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်စတင်ထွက်ခွာလာခဲ့ရာလန်ဒန်ထိအောင်တိုက်ရိုက်မသွားဘဲ အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ ၀င်နားခဲ့သေး၏။ရည်ရွယ်ချက်ကား ဗြိတိသျှအစိုးရနှင့် စကားမပြောမီ အိမ်နီးချင်းနိုင်ငံ အိန္ဒိယပြည်မှ ခေါင်းဆောင်ကြီးဂျဝါဟလာဟ်နေရူးနှင့် ရင်းရင်းနှီးနှီး ကြိုတင်တိုင်ပင်ဆွေးနွေးလိုသောကြောင့်ပင်ဖြစ်သည်။

        ထိုနေ့ညနေဘက်တွင် နယူးဒေလီမြို့သို့ရောက်ပြီး အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး၏အိမ်မှာပင် တည်းခိုခဲ့သည်။သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် 1947ခုနှစ် ဇန်န၀ါရီ 2ရက်နေ့ညမှစ၍ 6ရက်နေ့အထိ နယူးဒေလီတွင် လေးရက်ကြာနေထိုင်ကာ အိန္ဒယခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် နိုင်ငံရေးပြဿနာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့သည်။

ဇန်န၀ါရီ 4ရက်နေ့ညဘက် ဗိုလ်ချုပ်ညဘက် ဗိုလ်ချုပ်သည် မစ္စတာနေရူးနှင့် ဆက်လက်၍ပြောဆိုဆွေးနွေးကြပါသည်။ နေရူးသည် သူမှာ
ကြားလိုသော အချက်များကို ပြောဆိုပြီးနောက် ဗိုလ်ချုပ်အား မေးခွန်းတစ်ခုမေးပါသည်။
“ ဒါထက် အောင်ဆန်း၊မင်းအင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ”
ဤတွင် ဗိုလ်ချုပ်သည် မည်သို့မျှ ပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တစ်ပတ်နွမ်းကိုပြန်ငုံ့ကြည့်ရင်း ပြုံးနေလိုက်သည်။
သည်တော့ နေရူးသဘောပေါက်သွားပြီးအံ့သြနေပုံရပါသည်။

“ ဟာ...မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့ အလွန်အေးတဲံ့ လန်ဒန်မြို့ဆောင်းရာသီမှာ ဘယ်ဝတ်လို့ ဖြစ်မလဲကွယ့်၊ပြီးတော့ ဟိုကျရင်မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖိတ်ချင်ဖိတ်နေမှာ၊အဆောင်အယောင်ပကာသန အလွန်ကြိုက်ကြတာ၊ဗြိတိသျှလူမျိုးပရိသတ်အလဘယ်မှာ မင်းက အ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင် ခက်နေပါအုံးမယ် မဖြစ်ပါဘူး ကြည့်လုပ်ပေးလိုက်အုံးမှပဲ”ပြောပြောဆိုဆို မစ္စတာနေရူးသည် သူ၏အတွင်းဝန်တစ်ဦးအား ချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတပည့်ဖြစ်သူ ကျွန်တော့်အတွက်ပါ သင့်လျော်မည့်ဝတ်စုံများချုပ်ပေးရန် ညွှန်ကြားလိုက်ပါသည်။


     ညတွင်းချင်းပင် အပ်ချုပ်ပညာသည်များ ရောက်လာပြီး စနစ်တကျ ကိုယ်တိုင်းများယူသွားကြပြီးနောက် 24နာရီအတွင်း(နောက်နေ့ညနေဘက်)ကျွန်တော်တို့ဆရာတပည့်နှစ်ယောက် အတွက် အနွေးထည် သိုးမွှေးသက္ကလပ်ဖြင့်ပြီးသော စစ်ဝတ်စုံ၊ရှပ်အကျီင်္၊နက်တိုင်လည်စီး၊ကက်ဦးထုတ်မှစ၍ အပြည့်အစုံရရှိခဲံ့ပါတော့သည်။ ဤနည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် နယူးဒေလီမှ ခရီးဆက်သောအခါတွင်ပုံပမ်းကျနသပ်ရပ်စွာသော သက္ကလပ်
စစ်ဝတ်စုံယူနီဖောင်းဝတ်ပြီးထွက်နိုင်ခဲ့ပါသည်။

ယနေ့ ပြည်သူများသိနေသော ဗိုလ်ချုပ်၏လန်ဒန်သွား ဓါတ်ပုံထဲမှ သက္ကလပ် စစ်ဝတ်စုံယူနီဖောင်းမှာ သူကိုယ်တိုင်မြန်မာပြည်မှချုပ်ယူသွားခြင်းမဟုတ်၊အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူးက ဗိုလ်ချုပ်လန်ဒန်အသွားလမ်းခုလပ်တွင် အမြင်မတော်၍ ဆင်ပေးလိုက်သော လက်ဆောင်ပင်ဖြစ်တော့သတည်း...။ ။



ကိုးကား၊တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း)

                   (Credit to News of Myanmar)