Pages

Thursday, May 29, 2014

" ဇိမ် ခန်း "

သူတစ်ပါး မိန်းမသားတွေ အိပ်စက်နေတဲ့
ညဉ့် ၁နာရီကျော် သန်းခေါင်ယံ ဟာ
သူတို့တွေအတွက်တော့ နေ၀င်ချိန်မျှသာ
အခုမှ သမုဒ္ဒရာ ၀မ်းတစ်ထွာဇတ်စတုန်း . . .


သံဇကာကွက်ကာထားတဲ့ တိုးလျှိုးပေါက်အခန်းမှာ
ထိုင်သူထိုင် ထသူထ အိပ်သူအိပ်
ငွေအိတ် ထဲ လက်နိုက်ပြီး လာတော့မယ့်
ရမ္မက်စွယ်တဖြဲဖြဲ နဲ့ ပုရိသ သားရဲတွေကိုလည်း
ဒါဟာ ဘ၀ပါ သီချင်းကို မဆိုပြ
၄၅ မိနစ်မှ ဥုံဖွ ပိုက်ဆံက
စက်ရုံအလုပ်သမ တရက်စာထက်ပိုရတော့ . . .

ဒီဆော် . . . ဆိုပြီး လက်ညိုးထိုးလိုက်တဲ့
အဲ့ဒီ ငတိရဲ့ အရက်ခိုးပြန် မျက်နှာမှာ
နှမချင်းစာနာစိတ်ကို မမြင်ရ
စာနာသနားစိတ်ကို မမြင်ရ
အသာငမ်းငမ်းနဲ့
သုံးထပ်သားပြားကာထားတဲ့အခန်းထဲ

ကို
သွက်သွက်လက်လက်ကြီး တန်းဝင်သွားတယ် . . .

ခိုးခိုး ခစ်ခစ်နဲ့
သူတို့ခမျာ လည်း ဒီနွံမှာ ပျော်ဝင်နှစ်နေကြသလား
သရက်သီးရောင်းသလို
ဒညင်းသီး ရောင်းသလို
ဟင်းရွက် ကန်ဇွန်းရွက် ရောင်းသလို
ပိုင်ဆိုင်သမျှ ဟောဒီကိုယ်ခန္တာကို
ဟောသလို ဟောသလို ဖောဖောသီသီရောင်း
အရင်းအနှီးကလည်း မထူးဇတ်ဖက် ဂရပ်ဖစ်ပြနေတော့ . . .

တချို့က အာသာ ဆာလောင်မွတ်သိပ်မူ့နဲ့ရောက်လာ
တချို့က ငွေကြေး ဆာလောင်မွတ်သိပ်မူ့နဲ့အစောင့်မှာ

ခေတ်အဆက်ဆက်က ရိုက်ခဲ့ကြတဲ့ ဘ၀ဇတ်နာပုံပြင်တွေပဲထွက်လာ
အိုနာ ကျိုးကန်းလာလာ ၊ ခူနာဝဲစွဲလာလာ ၊ အသွင်မတူလူမျိုးခြားလာလာ
ငြင်းဆန်ခွင့်မရှိ ၊ ငွေမျက်နှာတခုထည်း ကြည့်ဖို့
ဟောဒီ လောကဓံ က ထုထောင်းကာ သင်ကြားသဘိ သို့ . . .

ဧည့်ခန်းထဲမှာ ဘီယာတပုလင်းနဲ့
မိတ်ဆွေ ငနဲ အချို့ကို စောင့်နေတဲ့ကဗျာဆရာလည်း
အရက်သောက်တာများလို့လား
ပျို့တက်စရာ လောကရုပ်ရှင်ကို အကြည့်များလို့လား
အော့အန်ချင်စိတ်နဲ့ ဝေါ့ခနဲ အန်အန် ချလိုက်တော့
ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ စကားလုံးတွေပဲ ထွက်လာ . . .

အော်. . . ကူကယ်နိုင်ရာ မရှိတဲ့ အဲ့ဒီဘ၀တွေမှာ . . .

မာဃလုလင်

Saturday, May 24, 2014

ယခုလကုန်လောက်မှာ မိတ်ဆက်သုံးနိင်မဲ့ Facebook ရဲ့ " Slingshot "

ယခုလကုန်လောက်မှာ မိတ်ဆက်သုံးနိင်မဲ့ Facebook ရဲ့ " Slingshot "

Snapchat ကဲသို့ ဓာတ်ပုံမတ်ဆေ့ပို့ခြင်း၊ ဗီဒီယိုတွေကိုမှတ်တမ်းတင်ပြီး စာရိုက်ခြင်းတို့ကဲသို့ ဗီဒီယိုမတ်ဆေ့ အစိတ်အပိုင်းတစ်ခုကို စတင်မိတ်ဆက်ဖို့ ပြုလုပ်နေတယ်လို့အမေရိက ဘဏ္ဍာရေး သတင်းစာတစ်ခုရဲ့ အဆိုအရသိရပါတယ်။ " Slingshot " လို့အမည်ပေးထားပြီး အသုံးပြုသူတွေကို ဗီဒီယို မတ်ဆေ့အတိုတွေကို ပေးပို့စေနိင်အောင် ထောက်ပံပေးထားပါတယ်။
Facebook Messenger ကဲ့သို့ အခြား ဆိုရှယ်ဆိုဒ်တစ်ခုရဲ့ App တစ်ခုအဖြစ် ထပ်ပေါင်းထည့်ခြင်းမျိုး မဟုတ်ဘဲ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေမှာပါ။

အရင် နှစ်က ကုမ္ပဏီရဲ့ အသင်းတစ်သင်းဟာ ထို အသစ်သစ်သော လုပ်ဆောင်မူအတွက် ဒေါ်လာ ငွေကြေး (၃) ဘီလီယံလောက် သုံးစွဲခဲ့ပေမဲ့လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ထိုကြောင့်
ယခုထပ်မံ ကြိုးစားလုပ်ဆောင်မူလည်း ဖြစ်နိင်တာကြောင့် ယခုလကုန်ပိုင်းတွင် ထွက်နိင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Aung Heine ...

ဝိုင်ပုလင်းဖောက်နည်း နိဿရည်း

 ကျွန်တော် ဘီယာ၊ ၀ိုင် စသည်တို့ သောက်လေ့မရှိပါ။ (ခြွင်းချက်။     ။ တိုက်မဲ့သူမရှိရင် သို့မဟုတ် အလကားရမဲ့နေရာမဟုတ်ရင်) အဘယ်ကြောင့်မသောက်သနည်း။ ပိုက်ဆံကုန်မှာ နှမြော၍ဖြစ်၏။ နေပူပူထဲက ပြန်အလာ၊ သို့မဟုတ် ပင်ပင်ပန်းပန်းတစ်ခုခုလုပ်အပြီး စည်ဘီယာအေးအေးကလေး စုပ်လိုက်ရတာ အင်မတန်အရသာရှိလှသည်။ ကျွန်တော်ဘီယာသောက်တာ မူးချင်လို့မဟုတ်။ ဘီယာ၏အရသာကို ကြိုက်သောကြောင့်ဖြစ်သည်။ ရှည်ပါတယ်လေ။ လိုရင်း ပြောကြပါစို့။
            မနေ့က တရုတ်နှစ်ကူးလက်ကျန်များကို မဲနှိုက်သည်။ ကျွန်တော်က သင်တန်းသွားနေတော့ ကျွန်တော့် safety coordinator က နှိုက်ပေးထားသည်။ ၀ိုင်နှစ်ပုလင်းနှင့် ခရု စသည့် သဗ္ဗဒါနံများ မဲပေါက်သည်။ (မွေးကတည်းက ဘယ်သောအခါမှ ကံကောင်းလေ့မရှိသော ကျွန်တော်သာ ကိုယ်တိုင်နှိုက်ရလျှင် ပေါက်မည်မဟုတ်။) သူက ဒါတွေ ဘယ်လိုလုပ်ရမလဲဟု မက်ဆေ့ခ်ျပို့လေသော် ကျွန်တော်က ၀ိုင်နှစ်ပုလင်းကလွဲလျှင် ကျန်တာအကုန် သူများပေးပစ်လိုက်ဘို့ ပြောလိုက်သည်။
            သည်တော့ သည်နေ့အပြန် ၀ိုင်နှစ်ပုလင်း ပါလာသည်။    သောက်လေ့မရှိသောကြောင့် ကျွန်တော့်တွင် ၀ိုင်ပုလင်း ဖောက်တံမရှိပါ။ အရင်တုံးကတော့ ဒါးပေါက်စန၊ လက်သည်းညှပ်၊ ဇာကနာ၊ နားဖာကလော်၊ ၀ိုင်ပုလင်းဖောက်တံ စသဖြင့် လက်နက်အတော်များများစုဆောင်းတပ်ထားသည့် All in one တစ်ခုရှိဖူးသည်။ သို့သော် ခု ဘယ်ရောက်သွားပြီမှန်းမသိ။
            သည်တော့ ၀ိုင်ပုလင်းဖောက်ရန် ကြံဆရသည်။ လိုလျှင်ကြံဆ နည်းလမ်းရဆို မဟုတ်လား။ ပထမ ၀က်အူလှည့်နှင့် ကော်ထုတ်ကြည့်သည်။ မရ။ ပဲ့ထွက်ကုန်သည်။ နောက် ကော်ရင်း၊ ကြံရင်းနှင့် အောက်ပါအကြံကိုရသည်။
            ကျွန်တော့်လို ၀ိုင်ပုလင်းရလာပြီး ဖောက်တံမရှိသူများအတွက် ပြန်လည် ဝေငှလိုက်ပါသည်။
            များများမလိုပါ။ ၀က်အူနှစ်ချောင်း၊ ၀က်အူလှည့်တစ်ခု၊ စတီးဝိုင်ယာကြိုးတစ်ချောင်း၊ ပလိုင်ယာတစ်ခုရှိလျှင်ရပါပြီ။ ၀ိုင်ယာကြိုးကို ၀က်အူတွင် ခိုင်ခိုင်ပတ်လိမ်ထားလိုက်ပါ။ ထို့နောက် ဖော့ဆို့ထဲသို့လှည့်သွင်းလိုက်ပါ။ နောက်ပြီး ၀ိုင်ယာကြိုးကို ပလိုင်ယာဖြင့် ဆွဲထုတ်လိုက်ပါ။ အလွယ်တကူ ပါလာပါလိမ့်မည်။

            ပထမ ကျွန်တော် ၀က်အူတစ်ချောင်းဖြင့် စမ်းကြည့်ပါသည်။ ဖော့ဆို့က အတန်ကြပ်နေသဖြင့် ၀က်အူကျွတ်ထွက်လာ သည်။ မရပါ။ ထို့ကြောင့် ၀က်အူနှစ်ချောင်းစိုက်ကာ ဆွဲထုတ်ရသည်။ နှစ်ချောင်းမရဘူးလား။ သုံးချောင်းပေါ့ဗျာ။

မူးနိုင်ကြ (ဟုတ်ပေါင်) အဆင်ပြေနိုင်ကြပါစေဗျာ။
အေးငြိမ်း
၂၇ - ၂ - ၂၀၁၄

Monday, May 19, 2014

အသည်းတအေးအေး အမြင့်မှာ ကျွမ်းထိုးတဲ့စတန့် 

အသည်းတအေးအေး အမြင့်မှာ ကျွမ်းထိုးတဲ့စတန့် 
၂ ဧပြီ ၂၀၁၄။
by MP4U

ဒီဗီဒီယိုက ဗြိသျှ စတန့်  မင်းသားကင်းစတ် ယူကရိန်းနိင်ငံ ကိုယက်မြို့ က မောင်စကိုတံတားမှာ
ဘာလုံခြုံရေးမှဝတ်ဆင်မထားပဲ နောက်ပြန်ကျွမ်းထိုးခဲ့တာဖြစ်ပါတယ်။
သူတို့ တက်သွားတဲ့အမြင့်က ဗီဒီယိုထဲမှာ ကြည့်ရတာတင် အသည်းအေးစရာပါ။
ရဲကဥသြတွေဆွဲပြီးရောက်လာ သူတို့ ကို ခေါ်သွားပါတယ်။
ရဲကမေးတော့ ဓာတ်ပုံဆရာတွေပါတဲ့။
သူတို့  မြင်ကွင်းကောင်းကောင်းရအောင် ဒီတံတားပေါ် တက်ရတာလို့  ဖြေတယ်။
ရဲက ဘာလို့  ကျွမ်းထိုးရသလဲမေးတော့
တယောက်က သူကအင်္ဂလိပ် ပင့်ကူလူသားလို့  ဖြေပါတယ်။