လူတိုင်းမေးချင်သိချင်ကြတဲ့
မေးခွန်းလေးပါလွယ်သလားခက်သလား ရာမတဲ့ ရန်ကုန်လို မြို့ကြီးတွေမှာတောင်
တစ်ပြားကို ငါးထောင်ကနေ တစ်သောင်းထိပေးနိုင်ရင်အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့
ရာမ ကိုလွယ်သလား ခက်သလားဆိုပြီး စမ်းသပ်ချင်တဲ့ သူတွေက တပုံကြီးပေါ့တချို့တွေက သုံးဖူးတာကို ဂုဏ်ယူပြီးပြောပြတတ်သလိုတချို့တွေကသုံးဖို့ဆွဲဆောင်ကြတယ်ဘိန်းမဟုတ်ပါဘူးဘာညာပေါ့ကဲဒါဆို
လေ့လာကြည့်ရအောင်လွယ်သလား ခက်သလား ဆိုတာကို......
.....
သမိုင်းကြောင်းနဲ့ ပြန်ပြောရရင်၁၈၈ရ ခုနှစ်မှာ ဂျပန်သိပ္ပံပညာရှင် Nagai
Nagayoshi ကmethyl alpha-methyl phenyl ethyl amine အစရှိတဲ့
သိပ္ပံနာမည်နဲ့amphetamine ကိုစတင်တွေ့ရှိခဲ့ပါတယ်နောက်ထပ် ၃၃ နှစ်ကြာပြီး
၁၉၁၉ ခုနှစ်မှာနောက်ထပ် ဂျပန်ပညာရှင် Akira Ogata ကယင်းကို အခဲအနေနဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်
ထို ဆေးခဲကစိတ်ဓါတ်အလွန်အမင်းတက်ကြွစေခြင်းအလုပ်များစွာလုပ်နိုင်ခြင်းအမောခံနိုင်ခြင်းအဆာလောင်
ခံနိုင်ခြင်း တို့ကြောင့် နတ်ဆေးတစ်ပါးလို ကျော်ကြားပါတယ်စက်မှုလုပ်ငန်း စက်ရုံအလုပ်ရုံတွေမှာ အသုံးများခဲ့ပါတယ်
ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ဖြစ်တာနဲ့ တပြိုင်နက် အဆိုပါ
နတ်ဆေးကိုဂျပန်တပ်မတော်သာမက မဟာမိတ်တပ်တွေရော
နာဇီဂျာမနီတပ်များပါတရားဝင်ထုတ်လုပ်သုံးစွဲပါတယ်
ဂျပန်တပ်မတော်
မှာတော့ Philopon ဆိုတဲ့ နာမည်နဲ့ ဂျပန်တပ်သားတွေ တော်တော်များများ တရားဝင်
အသုံးပြုကြသလိုဟစ်တလာရဲ့ ဂျာမန်တပ်မတော်မှာလည်း
အဲ့ဒီဆေးဟာPanzerschokolade ခေါ် ပန်ဇာချောကလက် ဆိုပြီး နာမည်ကြီးပါတယ်Nazi
speed တင်ကာချောကလက် လို့လည်း ခေါ်ပါတယ်
ပူလောင်လှတဲ့ တင့်ကားထဲက
ပန်ဇာတပ်သားတွေတောင် စိတ်တက်ကြွတဲ့ဆေးပေါ့ဂျာမန်ဆေးတပ်ကဆို စစ်အတွင်းမှာ
ဆေးပြားသုံးဆယ့်ငါးသန်းကျော် တရားဝင်ထုတ်လုပ်ပေးခဲ့ပါသတဲ့ဟစ်တလာ
ကိုယ်တိုင်တောင် သူ့ဆရာဝန် Theodor Morell ကိုနေ့စဉ်
အားဆေးအနေနဲ့သူ့သွေးကြောထဲထိုးစေခဲ့ပါတယ်မဟာမိတ်စစ်တပ်ဖက်ကလည်း
အားကျမခံပေါ့လေ
သူတို့ဘက်မှာလည်းPervitin ဆိုတဲ့ ဆေးဟာပိုင်းလော့ခ်ချောကလက် Pilot's chocolate or Pilot's salt
ဆိုတဲ့ နာမည်ပြောင်နဲ့ရဲဘော်ကစလို့ ပညာသည်စစ်သည်တွေ ဗိုလ်ချုပ်တွေက တရားဝင်သုံးပါတယ်
သူတို့ရဲ့ ဆေးကုမ္ပဏီ Temmler က ဆေးပြား သန်းပေါင်းများစွာစစ်တပ်အတွက်ထုတ်လုပ်ပေးခဲ့ပါတယ်
အမေရိကန်တပ်မတော် ဆိုရင် ပင်လယ်ကွေ့စစ်ပွဲကာလ အထိDexedrine ဆိုတဲ့ နာမည်နဲ့ ဆက်လက်သုံးစွဲခဲ့ကြပါသေးတယ်
ဒီလိုနဲ့ စစ်ဘီလူးတွေကို နှစ်ဖက်လုံးက မွေးထုတ်ပေးနေရင်းတဖြည်းဖြည်းနဲ့
ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကိုသိရှိလာရပါတော့တယ်တိုက်ပွဲဝင်စိတ်ဓါတ်
သိပ်ကိုမြင့်နေတဲ့ စစ်သည်တွေဟာ
ဒေါသတွေကြီးလာတယ်စဉ်းစားညဏ်မရှိတော့ယုံမကအချင်းချင်း မယုံမကြည်တွေဖြစ်လာပါတယ်
တစ်ခါလောက် ရန်ဖြစ်တာနဲ့ညဘက်တွေမှာ အချင်းချင်း လည်ပင်းလှီးမယ်လို့ ယူဆလာကြတာကြောင့်
မအိပ်ပဲကြောက်နေသူတွေအချင်းချင်း ပစ်ခတ်မှု ဖြစ်စဉ်တွေ တရစပ်ဖြစ်ပွားလာပါတယ်
နောက်ဆုံးတပ်ချင်းမှား ဗုံးကြဲတာအထက်အောက် သတ်ဖြတ်မှုတွေ ထိန်းမနိုင်အောင် ဖြစ်လာတဲ့အခါ
တပ်မတော် အသီးသီးမှာ ဒီဆေးကို တားမြစ်လာပါတော့တယ်စစ်တုန်းက ဂျပန်တွေ ဒေါသကြီးတာ ပါးရိုက်တတ်တာ ဒါတွေကြောင့်ထင်တယ်နော်
ဒီလိုနဲ့ စစ်ကြီးပြီးလာတော့စစ်အတွင်းက ဗုံးဘောလအော
ထုတ်လုပ်ထားတဲ့ဆေးတွေဟာအရပ်ဘက်ကို ပျံ့နှံ့လာပါတော့တယ်ဂျပန်မှာဆို Philopon
ကို ယာကူဇာဂိုဏ်းတွေက S, Shabu, Speed စတဲ့နာမည်တွေနဲ့
Kamikaze ဆေးဆိုပြီးသုံးစွဲရောင်းချလာပါတယ်မဟာမိတ်တို့ရဲ့ ဆေးတွေကတော့အမေရိကန် မော်တော်
ဆိုင်ကယ်ဂိုဏ်းတွေဆီပျံ့နှံ့လာပါပြီးအဲ့ဒီကတဆင့် မက္ကဆီကို မှာ စက်ရုံတွေထောင်တဲ့ အထိဖြစ်လာပါတယ်
အရှေ့တောင်အာရှ မှာတော့ဂျပန်စစ်တပ်ရဲ့ Philipon ဆေးဝါးတွေဟာတားမနိုင်ဆီးမရ
ပျံ့နှံ့လာပြီးကိုယ်ပိုင်ထုတ်လုပ်မှုတွေ အထိဖြစ်လာခဲ့ပါတယ်ပထမတော့
ထုတ်လုပ်မှုဗဟိုချက်က ဖိလစ်ပိုင်မှာပါနောက်တော့မှ
လွတ်လပ်သောဒုစရိုက်နယ်မြေရွှေတြိဂံကို ပြောင်းရွှေ့လာပါတော့တယ်
.....
ရာမ ဆိုတာက အရင် အခေါ်ပါအခု နောက်ပိုင်းတော့ ရာဘ လို့ ခေါ်ကြပါတယ်မြန်မာပြည်မှာ မြင်းဆေး
စိတ်ကြွရူးသွပ်ဆေးထိုင်းမှာတော့ Chocalee (ချောကလက်)အိန္နိယမှာ bhul
bhuliyaအင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေမှာ shabúဘင်္ဂလားဒေ့ရှ်မှာ Pill,
BABA, Gari, Guti, Boriစသဖြင့် အခေါ်အဝေါ်များစွာရှိပါသေးတယ်
ရာမ မှာပါတာကတော့ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒုတိယကမ္ဘာစစ်သုံး
Philopon
Panzerschokolade
Methamphetamine
Pervitin
Dexedrine
ဆိုတဲ့ ဆေးတွေတဖြစ်လဲ Methamphetamine ကို high dose သုံးပြီးအခြား
ဆေးဝါးများနဲ့ ရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယအစပိုင်းမှာMethamphetamine
သီးသန့် ပါတဲ့R သို့မဟုတ် WY စာတမ်းပါအနီ အ၀ါ အစိမ်းစတဲ့ ဆေးလုံးလေးတွေ
ထုတ်ပါတယ်နောက်ပိုင်းမှာတော့
ဆေးယဉ်ပါးလာသလို လူတွေမှာ
မတိုးတော့တဲ့အခါကျတော့တခြား စိတ်ရောဂါပညာရှင်တွေသုံးတဲ့
စိတ်ကြွဆေးဝါးတွေကိုအတိုင်းအဆမရှိ
ရောနှောပေါင်းစပ်လာပါတော့တယ်နောက်ပိုင်းပေါ်လာတဲ့
WY စာတမ်းပါ ၆မီလီမီတာ
အချင်းသာရှိတဲ့ လိမ္မော်ရောင်ဆေးပြားလေးတွေဟာMethamphetamine
သာမကကာဖင်းဓါတ် အလွန်အကျွံထည့်ထားပါသတဲ့အလွန်အမင်း သန့်စင်ထားတဲ့ ICE
ဆိုတာကတော့ထိုးဆေးအနေနဲ့ပါသုံးကြပါတယ်အခုနောက်ဆုံးရှမ်းအရှေ့မှာကျွန်တော်ကြားဖူးခဲ့တဲ့
နောက်
ဆုံးပေါ်ဆေးကတော့ ရာအပ် လို့ခေါ်ပါတယ်ဘိန်းဖြူ ၆ ရာခိုင်နှုန်းပါဝင်ပါတယ်
.....
ဘယ်လိုတွေသုံးစွဲကြသလဲဆိုတော့
အကြောထဲထိုးတယ်ဆေးပြားလေးတွေကို မိုးရေနဲ့ဖျော် အပ်အသေးဆုံးနဲ့
အကြောထဲထည့်တာပါ
အရှိန်တက်တာအရမ်းမြန်သလို(စက္ကန့်ပိုင်းအတွင်းမှာဖြစ်ပေါ်လာတာပါ)သိပ်လည်းကြောက်ဖို့ကောင်းပါတယ်
၁၀၀ မီလီဂရမ်ကနေ ၁၀၀၀ မီလီဂရမ် အထိ ဖျော်ထိုးကြပါတယ်ဆေးက အဓိကသွေးကြောမကြီးတွေထဲမှာ ခဲတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး
ဆေးပြားဝါးစားတယ်ဆေးအာနိသင် ၈ နာရီကနေ ၁၆ နာရီအထိ ကြာအောင် ခံစားရပါတယ်
ရှူတာကမှ သုံးနာရီကနေ ခြောက်နာရီ အထိပဲ ကြာတတ်တာကိုးတချို့က Acid ပါလို့
စားလို့မရဘူးလို့ အထင်မှားတတ်ပါတယ်တကယ်က Methamphetamine သီးသန့်ဆေးတွေက
ဝါးစားလို့ရပါတယ်
ဆေးပြားအငွေ့ကိုရှူတယ်ဒါကတော့
သုံးသူတွေအလုပ်အများဆုံးပါဆေးပြားကို တိုက်ရိုက်မီးရှို့လို့ မကောင်းတော့
(ညှော်လို့)အပူပေးထားတဲ့ အရာတစ်ခုခုပေါ်တင်လိုက်တာပါအဲ့သည်မှာ ထွက်လာတဲ့
အငွေ့ကိုရှုတာပေါ့Safe အဖြစ်ဆုံးနည်းလမ်းပါအချို့တွေက ပိုပြီး safe
ဖြစ်ချင်တော့ရေဗူးထဲကရေထဲမှာ အငွေ့ကို ဖြတ်သန်းစေပြီးမှ ရှူပါတယ်
နောက် ဆေးကို အမှုန့်ချေပြီး နှာဝမှာရှူတယ်အောက်ကတဆင့်ထည့်တယ်ပေါ့လေ အမျိုးမျိုးပေါ့
လုပ်ဖြစ်အောင်ပြောပြနေတာ မဟုတ်ဘူးနော်ဗဟုသုတ အဖြစ်ပြောပြတာပါ
.....
ကောင်းကျိုးအနေနဲ့ကတော့ သိပ်များများစားစားမရှိပါဘူးစိတ်တက်ကြွမယ်အမောခံနိုင်မယ်
ဗိုက်မဆာ ၊ အစာမစားတဲ့ အတွက် ပိန်ဆေးတဖြစ်လဲ သုံးကြတယ်ရေတို အကျိုးလေးတွေပေါ့
ဒါလောက်ပါပဲ
ဆိုးကျိုးကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါစိတ်ကြွရူးသွပ်ဆေး ဆိုတဲ့အတိုင်း အရူးဆေးပေါ့
ပထမ တစ်ချက်အနေနဲ့ သူက စွဲပါတယ်ဖြတ်ရလည်း အရမ်းခက်ပါတယ်ကိုကင်း
ဟီရိုအင်းတွေထက် ဖြတ်ဖို့ ခက်ပါသတဲ့ဖြတ်ရင်လည်း ယင်း ထ တဲ့ ကာလက အလွန်တရာ
ကြောက်မက်ဖွယ်ကောင်းလှပါတယ်
လူသတ်ချင်စိတ်ပေါက်နေတာဒေါသထွက်နေတာလူရင်းတွေကို မယုံတာမိမိကိုယ်ကို သတ်သေချင်တာ စသဖြင့် ကြောက်မက်ဖွယ်ကောင်းလှပါတယ်
နောက်တစ်ချက်က ဒီဆေးက ဦးနှောက်ကို အဆိပ်သင့်စေတာဖြစ်ပါတယ်မှတ်ညဏ်တွေဖျက်စီးပါတယ်
အာရုံခံအဂါ င်္တွေအားနည်းစေပါတယ် (မျက်စိဝါး နားလေး
ဖြစ်လာတာပေါ့)တကိုယ်လုံးကြွက်သားတွေကို ထောက်ပံ့ပေးမှု
ပျက်စီးစေတတ်လို့အောက်ပိုင်းသေတဲ့အထိ ဖြစ်တတ်ပါတယ်ဒါကြောင့် သုံးစွဲသူတွေ
အနေနဲ့
သုံးပြီးသွားရင် အဆိပ်သင့်မှုကို လျှော့ချဖို့တတ်နိုင်သမျှ အချဉ်များများ စားသင့်ကြောင်း သိရှိရပါတယ်
(အသေးစိတ်ကတော့ မရှင်းတော့ပါဘူး)
နောက်တစ်ချက်က ဘာမှန်းမသိပဲ သွားတွေကျွတ်တာပါMeth Mouth လို့ သွားဆရာဝန်တွေ ခေါ်ပါတယ်
အလကားနေရင်း သွားကျိုးသွားကျွတ် ဖြစ်ပြီးနောက်ဆုံးသွားမကျန်ပဲ ဖြစ်တတ်ပါတယ်
သွားတင်လားဆိုတော့ မဟုတ်ပါဘူးဆံပင်တွေလည်း ကျွတ်ပါတယ်
ဆေးစွဲသူတော်တော်များများကို ကြည့်လိုက်ရင် ဆံပင်ကျဲတာ ပါးတာ တွေ့ရမှာပါ
နောက်တစ်ချက်က ဆေးသုံးထားတဲ့သူတွေဟာလိင်ပိုင်းဆိုင်ရာ စိတ်ပြင်းထန်ပါတယ်
ခေတ်စကားနဲ့ ပြောရင် ထန် တာပေါ့နော့Abnormal sexual manner တွေလဲ ပြပါတယ်
ကြိုးတုပ်ပြီးရိုက်တာတို့ ဘာတို့ပေါ့အဲ့ဒါကြောင့် သာမန် လူတစ်ယောက်က
ဆေးသုံးထားတဲ့လူနဲ့ အတူနေလို့မရပါဘူးလုံးဝ မလိုက်နိုင်တဲ့ အတွက် သူ့အဖေါ်နဲ့
အဆင်ပြေအောင် သူပါလိုက်သုံးရပါတယ်
ဒါမှ အဆင်ပြေပါသတဲ့
ကိုယ်ဝန်ဆောင်တွေ သုံးရင် ကလေးပျက်ကျတာ လမစေ့ပဲမွေးတာတွေ
ရှိပြီးအမေ့ဝမ်းထဲမှာတင် ကလေးက ဆေးစွဲနေပါတော့တယ်မွေးလာလို့ အပြင်ရောက်တော့
ဆေးမရတော့တဲ့အတွက်
အဲ့သည့်ကလေးပေါက်စနလေးဟာ ယင်းထတဲ့ ဝေဒနာခံရပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်
နောက်တစ်ချက်က အခုအသုံးများတဲ့ WY ဆေးတွေဟာ နယ်စပ်က ဆယ်ပေပတ်လည်လောက်
ညစ်ပါတ်စုတ်ပြတ်နေတဲ့ ဓါတ်ခွဲခန်းများက ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်
ဘာ
စံချိန်စံနှုန်းဘာ ကွာလတီ စစ်ဆေးချက်မှ မရှိပါဘူးအစောပိုင်းကပြောသလို
ပိုပြင်းအောင် ဟိုဟာနဲ့စပ် ဒီဟာနဲ့စပ်လုပ်ရာကနေမသန့်ရှင်းတဲ့
ဓာတုပစ္စည်းတွေပါဝင်လာပါတယ်
ဒါတွေက သောက်မိရှူမိတာနဲ့ ကိစ္စတုံးပါတော့တယ်
.....
မြန်မာနိုင်ငံမှာတော့ ၁၉၉၅ လောက်မှာ ကရင်ပြည်နယ်က ပြောင်းရွှေ့လုပ်သားတွေ
စတင်သုံးစွဲလာရာကနေ ပြည်တွင်းကို ပျံ့နှံ့လာပါတယ်ငယ်ငယ်တုန်းက အစိုးရရဲ့
မူဝါဒနဲ့ ကျွဲရိုင်းတွေ လစ်ပိုတွေပိတ်တုန်းကဆိုက်ဝါးအနေနဲ့အဲ့သည်လူနာတွေကို
မြန်မာ့ရုပ်သံမှာ မေးမြန်းခန်းလုပ်တာအား
လုံးကြည့်ဖူးခဲ့ကြမှာပါဘရာဇီးရှုံးလို့ ကျွန်တော် ကတုံးတုံးလိုက်တယ်ဆိုတဲ့ စကားတောင် တော်တော်ပေါ်ပြူလာဖြစ်ခဲ့သေးတာပါပဲ
WY ဆိုတာက ၀မ်ရယ်လို့ အဓိပ္ပါယ်ရပြီး မိုင်းရယ် ကထုတ်တာလို့လည်းကောလဟာလ ထွက်ပါတယ်
ဟုတ်မဟုတ်တော့ မသိဘူးပေါ့
အစကတော့ မြင်းဆေး လို့ ခေါ်လာရာကနေနောက်ပိုင်းမှာ လူတွေသောက်လာတော့
ရာမဆိုပြီး အမည်တွင်လာပါတော့တယ်နယ်စပ်မြို့များကတဆင့် ပြည်နယ်မြို့ကြီးတွေ
အဲ့သည်ကမှ တဆင့်
ရန်ကုန် မန္တလေးမြို့ကြီးတွေ အထိ ရောက်လာပါတော့တယ်အားလုံးက တားဆီးနေကြပေမယ့်
နယ်စပ်မြို့များမှာ အချိတ်အဆက်တွေနဲ့ ၀ယ်ယူလို့ရနေဆဲပါအဲ့သည့်မှာ
တစ်ပြားတစ်ထောင် ထောင့်ငါးရာရှိတဲ့WY ဟာရန်ကုန်ကိုရောက်လာရင် ငါးထောင်ကနေ
တစ်သောင်းအထိ ဈေးပေါက်ပါတယ်ငွေ အတွက် သယ်ယူပေးနေတဲ့သူတွေ အကြိုက်ပေါ့
.....
ဒါကတော့ ကျွန်တော်သိသမျှ ရာမ အကြောင်းပါဥပဒေအကြောင်းအရာတွေတော့ မသိလို့ မရေးတော့ပါဘူး
သေချာတာက သုံးရင် သယ်ရင် ထုတ်ရင် ထောင်ကျမှာပါပဲအဲ့ဒီအထဲကမှ သယ်သူက ပြစ်ဒဏ်အမြင့်ဆုံးပါ
ဒါ့ကြောင့်လွယ်သလား ခက်သလား ရာမ ဆိုရင်တော့ပြန်ဖြေလိုက်ပါမလွယ်ပါဘူး သိပ်ခက်ပါတယ် လို့
(ကိုဆေး)
Tuesday, October 28, 2014
မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ တန်ဆောင်တိုင်ပွဲတော် တချို့အကြောင်းတစေ့တစောင်း
မေသက်ဇင်၊ သိင်္ဂီထွန်း
သီတင်းကျွတ်လပြီးတာနဲ့ ဆီမီးမြိုင်မြိုင်နဲ့ လတန် ဆောင်တိုင်ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက်
မြန်မာတစ်နိုင်ငံလုံးမှာလည်း တန်ဆောင်တိုင်ပွဲ တော်တွေကို ခြိမ့်ခြိမ့်သဲဆင်နွှဲကြတော့မှာဖြစ်ပါတယ်။
တန်ဆောင်တိုင်လမှာ ကောင်းကင်မှာရှိတဲ့ နက္ခတ် တွေစုံညီစွာရှိနေပြီး ထိုနက္ခတ်တွေကိုပူဇော်တဲ့ တောင် ထိပ်နက္ခတ်ပွဲလို့ ရှေးလူကြီးများကခေါ်တွင်ကြတယ်လို့ လည်း သိရပါတယ်။
''တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ နက္ခတ် တွေစုံပြီး အဲဒီအချိန်ကိုကြည့်ပြီး
မြန်မာလူမျိုးတို့ရဲ့ ပြက္ခဒိန်ကိုထုတ်တယ်။ သင်္ကြန်စာကိုထုတ်ကြတယ်။မဲဇလီဖူးသုပ်ဆိုလဲ လပြည့်ည ၁၂ နာရီထိုးမှ ခူးပြီး တစ်ခါတည်းပြုတ်ပြီး သုပ်စားကြတာ''လို့ အသက် ၇ဝ ခန့်ရှိ အဘိုးညိုက ဆိုပါတယ်။
အများစုကတော့ တန်ဆောင်တိုင်ပွဲတော်မှာ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းရက်လုပ်ခြင်းနဲ့ နှစ်ကျိပ် ရှစ်ဆူဘုရားများ လှည့်လည်အပူဇော်ခံခြင်းတို့ကို ပြု လုပ်ကြပြီး မြန်မာ့ရိုးရာမီးပုံးပျံလွှတ်တင်ပွဲကို စည်ကား သိုက်မြိုက်စွာကျင်းပတဲ့မြို့တွေလည်းရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာ ပုံစံဓလေ့ မျိုးစုံနဲ့ကျင်းပကြတဲ့ တန်ဆောင်တိုင်ပွဲတော်တွေထဲက လူသိများအထင်ရှားဆုံးဒေသတွေကတော့ ရှမ်းပြည် နယ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၊ ပြင်ဦး လွင် တန်ဆောင်တိုင်ပွဲ၊ ပြည်မြို့တန်ဆောင်တိုင်ပွဲနဲ့ ထားဝယ်တန်ဆောင်တိုင်ပွဲတို့ပဲဖြစ်ပါတယ်။
တောင်ကြီးမီးပုံးပျံပွဲတော်
****************************
မီးပုံးပျံပွဲတွေကိုကျင်းပရာမှာ နာမည်အကြီးဆုံးနဲ့ ကမ္ဘာသိ မီးပုံးပျံပွဲကတော့ တောင်ကြီးမီးပုံးပျံပွဲဖြစ်
သလို နှစ်စဉ် လူထောင်ပေါင်းများစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြတာပဲဖြစ်ပါတယ်။
တောင်ကြီးမီးပုံးပျံပြိုင်ပွဲမှာ မြန်မာ့နည်းပညာဖြင့် ပြုလုပ်ထားသော ထူးခြားတဲ့မီးပုံးပျံတွေကို တစ်ဖွဲ့နှင့် တစ်ဖွဲ့အလှပဆုံးဖြစ်အောင် ဖန်တီးပြုလုပ်ပြီး မီးပုံးများ လွှတ်တင်ကာ ယှဉ်ပြိုင်ကြပြီး ဒီပွဲတော်ကို နှစ်စဉ် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၈ ရက် (တန်ဆောင် မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်)အထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံပြိုင်ကွင်းအတွင်းမှာ ပြုလုပ်ကြတာပဲဖြစ်ပါတယ်။
မီးပုံးပျံပြိုင်ပွဲတွေကို နေ့ရောညပါ စည်ကားစွာ ကျင်းပကြပြီး နာမည်ကြီး မီးပုံးပျံတွေကတော့ ညမီးကြီး နဲ့ စိန်နားပန်တို့ဖြစ်ကာ အရုပ်များပုံစံ ဖန်တီးထားတဲ့ မီးပုံးပျံတွေကိုတော့ နေ့လယ်အချိန်တွေမှာ လွှတ်တင် ကြသလို လှပပြီး အရောင်စုံအရုပ်မီးပုံးများကောင်းကင် ပေါ်ပျံတက်သွားပုံမှာကြည့်ရှုရသူအပေါင်းအတွက် မျက် စိပသာဒဖြစ်စရာပင်ဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပချိန်ဟာ တန်ဆောင်တိုင်ကျောင်းပိတ်ရက် အလုပ် ပိတ်ရက်များနဲ့ တိုက်ဆိုင်တဲ့အတွက်လည်း မီးပုံးပျံပွဲ အမီ သွားလာကြသူတွေနဲ့ ပြည်တွင်း
ခရီးသွားလုပ်ငန်း တွေကလည်း မီးပုံးပျံပွဲပြုလုပ်တဲ့အချိန်ကို ခန့်မှန်းပြီး ပို့ဆောင်ပေးနေတာတွေလည်း ရှိပါတယ်။
မီးပုံးပျံကို ထားဝယ်မြို့သားတစ်ဦးဖြစ်သူ ဦးကျော် ရင်က တီထွင်ခဲ့ခြင်းဖြစ်သလို မီးပုံးပျံဦးကျော်ရင်လို့လည်း ထင်ရှားစွာသိရှိထားကြပါတယ်။
တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ရဲ့ မီးပုံးပျံလွှတ်တင်ခြင်းကိုတော့ ၁၉၄၁ ခုနှစ်ကစတင်ခဲ့ပြီး ၁၉၅၃-၁၉၅၄ ခုနှစ်များမှ စတင်ကာ ပြိုင်ပွဲ ပုံစံပြုလုပ်လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ မီး ပုံးပျံပြိုင်ပွဲအပြင် မြို့လုံးကျွတ် ဘုံကထိန်လှည့်လည် ခြင်းများ၊ မီးပဒေသာလှည့်လည်ပွဲ MISS တန်ဆောင် တိုင်ရွေးချယ်ပွဲ၊ အလွတ်တန်းဓာတ်ပုံပြိုင်ပွဲနဲ့ဈေးပွဲတော် များလည်း ပါဝင်ပြီး ယင်းပွဲတော်ကို ကျင်းပလာခဲ့ကြ သည်မှာ ယခုနှစ်ဆိုလျှင် ၇၃ နှစ်တိုင်ခဲ့ပြီဖြစ်သည်။
ထားဝယ်တန်ဆောင်တိုင်ပွဲတော်
***********************************
ထားဝယ်မြို့မှာတော့ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ခြင်းကို ထားဝယ်မြို့မှာရှိတဲ့ ရွာပေါင်းနှစ်ဆယ့် ရှစ်ရွာက တာဝန်ယူပြုလုပ်ကြပြီး ထားဝယ်မြို့ရဲ့ထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်သော လောကမာရဇိန်ဘုရားမှာ ည လုံးပေါက် အပူဇော်ခံကျင်းပခြင်းဖြစ်ပါတယ်။
တန်ဆောင်မုန်းလဆန်း ၁ ရက်ကစပြီး ရွာနှစ်ဆယ့် ရှစ်ရွာက မိမိတို့ရွာမှာ အပူဇော်ခံထားရှိတဲ့ ဘုရားတွေ ကို ပင့်ဆောင်ပြီး အခြားသောရွာ ၁၅ ရွာကို လှည့် လည်အပူဇော်ခံကြကာ ရွာတိုင်းက ဆီမီးနဲ့ ပန်းတွေကို ဆက်ကပ်လှူဒါန်းကြတယ်လို့ သိရပါတယ်။
''ဘုရားတွေကို လှည့်လည်အပူဇော်ခံဖို့ ည ၈ နာ ရီလောက်မှာစထွက်ပြီး မနက် ၄ နာရီမထိုးခင်မှာ ဘုရားဝင်းထဲကိုပြန်ဝင်ပြီး ဆွမ်းကပ်ပွဲလုပ်ကြရတယ်။အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ ဓလေ့လေးတစ်ခုပါ''
လို့ ထားဝယ်မြို့ မောင်းမကန်ကမ်းခြေဒေသခံ ကိုအောင်စိန် က ပြောပါတယ်။
တန်ဆောင်မုန်းလဆန်း ၁ဝ ရက်မှ ၁၄ ရက်အထိ လောကမာရဇိန် ဘုရားဝင်းထဲမှာပဲ ဆွမ်းကပ်ပွဲကို ပြု လုပ်ကြပြီး ၁၅ ရက်မှာတော့ မြို့ထဲကို လှည့်လည်အပူ ဇော်ခံပွဲကို ပြုလုပ်ကြပါတယ်။
လှည့်လည်အပူဇော်ခံခြင်း ပြီးဆုံးသွားရင်တော့ လောကမာရဇိန်ဘုရားရဲ့ ဂန္ဓကုဋိတိုက်အတွင်းမှာ ပြန် လည်ကာ အပူဇော်ခံထားရှိပြီး ယခုနှစ်တွင်တော့ နှစ် ကျိပ်ရှစ်ဆူဘုရားပွဲအပြင်ကို ထူးခြားစွာနဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာဘုန်းတော်ကြီးများနဲ့ ထိုင်းနိုင်ငံမှ ဘုန်းတော်ကြီး တချို့က ပူးပေါင်းကျင်းပမှာဖြစ်ပြီး ဆီမီးငါးထောင်နဲ့ မီးပုံးပျံငါးထောင်ကို လွှတ်တင်မယ့်ပွဲတော်ကို ကျင်းပကြ မယ်လို့လည်း သိရပါတယ်။
ညလုံးပေါက်ကျင်းပကြတဲ့ ထားဝယ်တန်ဆောင် တိုင်ပွဲတော်မှာ မြန်မာ့ရိုးရာအိုးစည်ဒိုးပတ်ဝိုင်းများ၊ တိုးန ယားအကအဖွဲ့များနှင့် ဖျော်ဖြေရေးအဖြစ် စတိတ်ရှိုး ပွဲများ၊ ကုန်စည်ပြပွဲများကိုလည်း စည်စည်ကားကား ကျင်းပကြပြီး နှစ်စဉ်ရိုးရာမပျက် ကျင်းပလာခဲ့ကြသော ချစ်စရာ မြန်မာ့ရိုးရာတန်ဆောင်
တိုင်ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။
ပြည်တန်ဆောင်တိုင်ပွဲတော်
*******************************
ပြည်မြို့ရွှေဆံတော်ကြီး၏ တန်ဆောင်တိုင်ဘုရား ပွဲတော်မှာလည်း အထူးပင်စည်ကားသိုက်မြိုက်ပြီး ပျော် ရွှင်စရာကောင်းလှပါတယ်။ ရွှေဆံတော်တန်ဆောင်တိုင် ဘုရားပွဲတော်ကြီးကို တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်ထိ ၈ ရက်တိုင်တိုင်ကျင်းပပြုလုပ် ခြင်းဖြစ်ကာ ပဲခူးတိုင်းအနောက်ပိုင်းတွင်ရှိသော မြို့ရွာ များ အထူးပင်မျှော်လင့်တောင့်တစောင့်စားကြရသည့် ပွဲတစ်ခုဟုလည်းဆိုလို့ရမှာ ဖြစ်ပါတယ်။
ယခုနှစ်ရဲ့ ပြည်တန်ဆောင်တိုင်ပွဲမှာ ဗုဒ္ဓပူဇနိယ ပွဲတော်နဲ့ (၁၁၅)ကြိမ်မြောက် မြတ်စွယ်တော်လှည့်လည်ပွဲ ကို ကျင်းပမှာဖြစ်ပြီး ပွဲတော်၌ဖျော်ဖြေရေးအစီအစဉ် များ၊ ယိမ်းအကအလှများဖြင့် တင်ဆက်သွားမှာ ဖြစ် ကြောင်း သိရပါတယ်။
''အစဉ်အလာအရ ပွဲတော်ကြီးကို မပျက်မကွက် ကျင်းပတယ်။ ဖျော်ဖြေရေးတွေရော အစုံပဲတင်ဆက် ပေးတယ်။ဘုရားပွဲစည်ကားဖို့ကိုလဲ ဦးစားပေးလုပ်သလို လုံခြုံရေးကိုလဲ အဓိကထားလုပ်ပါတယ်''လို့ ရွှေဆံတော် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
တန်ဆောင်တိုင်ဘုရားပွဲ ကျင်းပပြုလုပ်တဲ့ တန် ဆောင်မုန်းလတွင် ပြည်ရွှေဆံတော်စေတီတော်မြတ် ကြီးအား ဆီမီးကပ်လှုပူဇော်ခြင်းအား ပြုလုပ်မှုမရှိ သော်လည်း တန်ဆောင်တိုင်ဘုရားပွဲလာပြည်သူများ ၏ စေတနာသဒ္ဓါတရားများဖြင့် ကပ်လှူပူဇော်သည့် ဆီမီးများဖြင့် ဘုရားကြီးသည် အထူးပင်သပ္ပာယ်ကြည် ညိုဖွယ်ကောင်းလှကြောင်း သိရပါတယ်။
ဘုရားပွဲလာ ဧည့်ပရိတ်သတ်တွေ နားခိုနိုင်ဖို့အ တွက်လည်း ရိပ်သာခန်းမဆောင်တွေနဲ့ ထူးရိပ်သာ ဆောင်များထားရှိပြီး ရွှေဆံတော်ဘုရားအနောက်ဘက် စောင်းတန်းအဆုံး ကွင်းပြင်ကြီးမှာလည်း ဘုရားပွဲလာ ပြည်သူများကို ဧည့်ခံဖို့အတွက် ပြည်မြို့ဇာတ်အဖွဲ့ဆယ် ဖွဲ့ကို ငှားရမ်းကာ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိ ရပါတယ်။
ရွှေဆံတော်ဘုရားကြီး၏ တန်ဆောင်တိုင်ပွဲတော် မှာ အထူးခြားဆုံးနဲ့ အလွန်ပျော်စရာကောင်းပြီး စည် ကားတဲ့အချိန်မှာ မြတ်စွယ်တော် လှည့်လည်ပွဲပဲဖြစ် ပါတယ်။ ယခုနှစ် ပြည်တန်ဆောင်တိုင်ပွဲတော်မှာ မြတ် စွယ်တော်ကို ဘုရားရင်ပြင်တော်ပေါ်မှာသာ လက်ယာ ရစ်သုံးကြိမ်ရစ်ပတ်အပူဇော်ခံသွားမည်ဖြစ်ပါတယ်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်
*************************************
ပြင်ဦးလွင်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ (၁ဝ)နှစ် ပြည့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို နိုဝင်ဘာ ၃ ရက်က နေ ၇ ရက်အထိ မဟာအံ့ထူးကံသာဘုရားဝင်းထဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို နာမည်ကျော်တေးသံရှင် တွေနဲ့ မော်ဒယ်တွေက ပွဲတော်လာ ဧည့်ပရိသတ်တွေကို ဖျော်ဖြေသွားမှာဖြစ်ပြီး ယခုနှစ်တန်ဆောင်တိုင်ပွဲတော် မှာ မီးပုံးပျံဆုကြေးတွေကိုလည်း တိုးမြှင့်ပေးအပ်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။
''အခုနှစ်က (၁ဝ)နှစ်ပြည့်လဲဖြစ်တဲ့အတွက် ယခင် နှစ်တွေထက်ပိုပြီး ထူးထူးခြားခြားဖြစ်အောင်လုပ်မယ်။ ပွဲဈေးဆိုင်တွေဆိုရင် အရင်က ၂ဝဝ နဲ့ ၃ဝဝ ကြားပဲရှိ ပေမယ့် ခုနှစ်မှာတော့ ၄ဝဝ လောက်ထိကို တိုးငှားသွား ဖို့စီစဉ်ထားတယ်။ ဖျော်ဖြေရေးမှာဆိုရင်လဲ တကယ့် နာမည်ကြီးတီးဝိုင်းတွေ၊ အဆိုတော်တွေကို ငှားထား တယ်။ ပွဲတော်လာပရိသတ်တွေ သဘောကျကြမှာပါ'' လို့ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဘယ်လိုပင် ကွဲပြားသော်လည်း စိတ်ဝင်စားစရာ ကောင်းပြီး ချစ်စရာကောင်းတဲ့
မြန်မာတို့ရဲ့ရိုးရာပွဲတော် လေးတွေဖြစ်သလို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်း ပလာခဲ့ကြတာဖြစ်ပါတယ်။ ။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Subscribe to:
Posts (Atom)