Pages

Friday, September 6, 2013

အဖြေ

နင်ပြောဖူးတယ်နော်
“နင်အရမ်းအတာပဲ” တဲ့
ငါ … အချစ်ကြောင့် အ ချင်ယောင်ဆောင်ခဲ့တာပါ ။ ။
“နင့်အတွက် တန်ရဲ့လား”တဲ့
ငါ … အချစ်ကို တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး ။ ။
“နင်ဘာတွေ ဖြစ်စေချင်တာလဲ” တဲ့
ငါ … နင့်ရဲ့ အရာရာ ဖြစ်ချင်ခဲ့တာပါ ။ ။
“နင်သေသေချာချာ စဉ်းစားပါ” တဲ့
င့ါ … နှလုံးသားနဲ့ ဦးနှောက် ထပ်တူညီ ဖြစ်ခဲ့ပါတယ် ။ ။
“နင့်ဘက်က ဆုံးရှုံးမှုတွေများပါတယ်” တဲ့
ငါ … အနိုင်အရှုံးတွေမှာ မပျော်မွှေ့တတ်ခဲ့လို့ပါ ။ ။
“နင့်ကို သနားတယ်” တဲ့
ငါ … မမေ့နိုင်မဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ် ။ ။
“နင် ငါ့ကိုမေ့လိုက်ပါတော့” တဲ့
ငါ … အခုထက်ထိကြိုးစားနေပါတယ် ။ ။ ။
                                                    (

No comments:

Post a Comment