ဘာမဆို ရိုးရိုးကစ
ပထမတော့ရိုးရိုး နောက်တော့ တစ်မျိုး
ပထမတော့ ၅၂၈ ကစ
နောက်တော့ ၁၅၀၀ ကဆုံး
စုစုပေါင်းတော့ ၂၀၂၈
အဲ့ဒါ....အဲ့ဒါ....အချစ်ပေါ့....
တကယ်တော့
၉၉ ဆိုတာ ၁၀၀ မဟုတ်ဘူး
အဖြူဆိုတာ အမဲမဟုတ်ဘူး
ညိုညစ်မဲဆိုတာ ချိုချစ်သည်းမဟုတ်ဘူး
အမုန်းဟာ အချစ်မဟုတ်သလို
အချစ်ဟာ အမုန်းမဟုတ်ဘူး
ပန်းပေါင်းရောင်စုံ တက္ကသိုလ်
အဓိပတိလမ်းက ကြိုဆို
Canteen ထဲက ချစ်သူစုံတွဲ
လူလစ်ရင် သူတို့ခိုးနမ်း
ရှက်ပြုံးလေးနဲ့ကောင်မလေးရယ်
အားကျလိုက်တဲ့ သည်မြင်ကွင်း
ဖြစ်ချင်တိုင်းလဲ မဖြစ်ရတဲ့တို့ဘဝ
တို့အသဲနှလုံးကို ကျောင်းတော်ထဲမှာ
မြေမြှုပ်လိုက်တော့မယ် ကောင်လေးရယ်.....
( သိုးဖြူမလေး )
Wednesday, September 4, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment