Pages

Wednesday, September 4, 2013

ချစ်မိတာအပြစ်ရှိလား...............မ

အစကတည်းက
တစ်နေ့ကျရင်.....လွမ်းရမယ်ဆိုတာ
ကြိုသိပါတယ်
ဒါပေမယ့်
သိတာတခြား.....ခံစားတာတခြား
သံယောဇဉ်နှလုံးသားကို...
ဘယ်သူတားလို့ရမလဲ.....
တစ်နေ့တခြား
တွေ့ပါများတော့ နှလုံးသားကယဉ်
သံယောဇဉ်ကငြိ အကြည့်ခြင်းသိ
အသိခြင်းညှိ..ဒီလိုနဲ့
ကြာတော့ချစ်မိ....
ချစ်မိလို့
အပြစ်ရှိတယ်ဆို၇င်...
သံယောဇဉ်နှလုံးသားရဲ့
မှားမိတဲ့ဒဏ်
တစ်သက်တာခံရော့...
အာဒံနဲဧ၀က
စတဲ့ခရီးလမ်း....
နမ်းလို့မ၀ ချစ်မ၀ခင်မှာ
လမ်းခွဲကြမ္မာ
ကံဇာတာရယ်.....
အညှာတာကင်းလှချည်လား.......
သိသိနဲ့ပဲ
မျက်ရည်ဝဲလျက်
ပင့်သက်ရှိုက်ရင်း
ခွဲခွာခြင်းဆိုတာ ကွဲကွာခြင်းမဟုတ်
နှုတ်မဆက်မေတ္တာ
ဝေဒနာမဲ့နိဂုံး...ခွင့်လွှတ်ပြုံးနဲ့
လွမ်းရအောင်
                               (ဇေထူး)

No comments:

Post a Comment